International News

ကမ္ဘာ့လျှပ်စစ်ကားဈေးကွက်နှင့် အာရှ၏ ဘက်ထရီထုတ်လုပ်မှု

Last Updated:

လျှပ်စစ်ကားများကို ဝယ်ယူလိုသူများပြားလာသည်နှင့်အမျှ လျှပ်စစ်ကားများ ထုတ်လုပ်ရာတွင် အသုံးပြုသော ဘက်ထရီများအတွက် ကမ္ဘာ့ဈေးကွက်သည်လည်း မြင့်တက်လာကာ ၂၀၂၁ ခုနှစ် တွင် အမေရိကန်ဒေါ်လာ ၂၇ သန်း တန်ဖိုးထိ ရောက်ရှိလာခဲ့ပါပြီး ဆက်လက်ကြီးထွားမည့် ဈေးကွက်တစ်ခု ဖြစ်လာပါသည်။
အာရှသည် မော်တော်ယာဥ် အစိတ်အပိုင်းများ ထုတ်လုပ်မှုအတွက် အဓိကအချက်အချာ ဖြစ်လာ သည့်အပြင် လျှပ်စစ်ကားများအတွက် ဘက်ထရီများ ထုတ်လုပ်ရေးတွင်လည်း ရှေ့ကဦးဆောင်လျက်ရှိပါသည်။ လက်ရှိတွင် ဘက်ထရီအရည်အသွေးအလိုက် ဈေးကွက်ဝေစုအမြင့်ဆုံး ရရှိထားပြီးဖြစ်သော ထိပ်တန်းထုတ်လုပ်သူ (၁၀) ဦးလုံးသည် တရုတ်၊ တောင်ကိုရီးယားနှင့် ဂျပန်ကဲ့သို့ အာရှနိုင်ငံများတွင် ရုံးစိုက်ထားပြီး ထုတ်လုပ်လျက်ရှိသည်ကိုတွေ့ရှိရပါသည်။ ဘက်ထရီနှင့် လျှပ်စစ်ကားများအတွက် သုတေသနလုပ်ငန်းများဆောင်ရွက်လျက်ရှိသော SNE Research အဖွဲ့က တင်ပြချက်အရ လျှပ်စစ်ကားနှင့် ဘက်ထရီ ထိပ်တန်းထုတ်လုပ်သူ ငါးဦး ဖြစ်သည့် CATL၊ LG၊ Panasonic၊ BYD နှင့် Samsung တို့သည် ကမ္ဘာမော်တော်ယာဥ် ဘက်ထရီထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်းကျော်ကို ရယူထားပြီး ဖြစ်ပါသည်။


Chinese company Contemporary Amperex Technology (CATL) သည် ပြည်တွင်း ဈေးကွက်ဝယ်လိုအား မြင့်တက်ခဲ့မှုကြောင့် ၂၀၂၁ ခုနှစ်တွင် ထုတ်လုပ်သူများအနက် ထိပ်ဆုံးဖြစ်ခဲ့ပြီး တရုတ်နိုင်ငံပြင်ပဈေးကွက်တွင် ကမ္ဘာ့ဈေးကွက်၏ ဒုတိယနှင့် တတိယအများဆုံး ထုတ်လုပ်သူဖြစ်သော LG နှင့် Panasonic ကုမ္ပဏီများနှင့် ပြိုင်ဘက်ကုမ္ပဏီများအဖြစ် အကြိတ်အနယ် ယှဉ်ပြိုင်လျက်ရှိပါသည်။ တစ်ချိန်တည်းတွင် ဥရောပနှင့်  အမေရိကန်တို့သည် အဆိုပါကဏ္ဍတွင် ကျဆင်းလာနေပြီး အာရှထုတ်လုပ်သူများနောက်တွင် နောက်ကျကျန်နေခဲ့မည့် အရိပ်အယောင်များ ဖြစ်ပေါ်လျက်ရှိပြီး လက်ရှိအနေအထားကို ပြောင်းလဲနိုင်မည့် အစီအမံများစွာကို ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိပါသည်။

 

 

လဲ့လဲ့နှင်း (MYANTRADE)

 

Source: Statista

https://www.statista.com/chart/26584/worldwide-market-share-of-the-biggest-electric-vehicle-battery-makers/

Category: International News