International News

စက်မှုဝန်ကြီးဌာနအနေဖြင့် Industry4.0 မဟာဗျူဟာအားအရှိန်မြှင့်မည်ဟုကတိပြု

Last Updated:

ထိုင်းနိုင်ငံအနေဖြင့် ဒီဂျစ်တယ်အခြေခံအဆောက်အဉီများ ပိုမိုတည်ဆောက်ခြင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအား ပိုမိုဆွဲဆောင်ခြင်းတို့ဖြင့် စက်မှုလုပ်ငန်း၄.၀(Industry 4.0)သို့ ကူးပြောင်းခြင်းကိုအရှိန်မြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း စက်မှုဝန်ကြီး Suriya Jingrungreangkit ကပြောကြားကြောင်းသိရှိရပါသည်။

ကပ်ရောဂါသည် လူအများအား လူနေမှုပုံစံအသစ် New lifestyle ကို လိုက်နာစေရုံသာမကပဲလုပ်ငန်းရှင်များအားလည်း ၎င်းတို့၏ စက်ရုံများကိုပထဝီဝင်အနေအထားနှင့် နည်းပညာပိုင်းအရလည်းပြောင်းလဲစေရန် စဉ်းစားစေကြောင်း စက်မှုဝန်ကြီးက ပြောကြားခဲ့ပါသည်။ Covid-19 ကပ်ရောဂါသည် ဒီဂျစ်တယ်နည်းပညာအသုံးပြုမှုကို လှုံ့ဆော်ပေးပြီး စားသုံးသူများ၏ အပြုအမူများကိုမျှော်မှန်းထားသည်ထက် ပိုမိုမြန်ဆန်စွာ ပြောင်းလဲစေခဲ့ကြောင်း Mr.Suriya ကပြောကြားခဲ့ပါသည်။ ခေတ်ရေစီးကြောင်းသည် စက်မှုလုပ်ငန်း၄.၀ ( Industry 4.0 ) နှင့်အညီ ၎င်းတို့၏  ထုတ်လုပ်မှု  နည်းပညာများကို တိုးတက်ဖွံ့ဖြိုးစေဖို့ နှိုးဆွပေးလျက်ရှိကြောင်း၊ စတုတ္ထစက်မှုတော်လှန်ရေး the forth industrial revolution သည် အဆင့်မြင့်နည်းပညာနှင့် အဆင့်မြင့်ဝန်ဆောင်မှုများ High-level services ကိုအထူးအားဖြင့် အာရုံစိုက်ပါသည်။

စက်မှုဝန်ကြီးဌာနအနေဖြင့် စက်မှုလုပ်ငန်း၄.၀(Industry 4.0)ဆီသို့ ဉီးတည်သော ဖွံ့ဖြိုးတိုးတက်မှုကို မြန်ဆန်စွာပြောင်းလဲနိုင်စေရန် အစီအစဉ်များကို လုပ်ဆောင်လျက်  ရှိကြောင်းဖြင့် Mr.Suriya က ပြောကြားခဲ့ပါသည်။ ဆိုလိုသည်မှာ တိုင်းပြည်အနေဖြင့် ရည်မှန်းထားသော S-curve လုပ်ငန်း(၁၂) မျိုးတွင် နည်းပညာနှင့် ဝန်ဆောင်မှု အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေး ပိုမိုအားထုတ်ဆောင်ရွက်ရန်  လိုအပ်လျက်ရှိကြောင်းကို   ဆိုလိုခြင်းဖြစ်ကြောင်း၊    မျိုးဆက်သစ် မော်တော်ကားများမှသည် စမတ်အီလက်ထရောနစ်၊ ဇီဝဓါတုဗေဒ၊ ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများအထိ ပိုမိုအားထည့်ဆောင်ရွက်ရန် လိုအပ်မည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။

စက်မှုလုပ်ငန်း  အမျိုးမျိုးအနေဖြင့် ဒီဂျစ်တယ်နည်းပညာအပေါ် မှီခိုအားထားရလိမ့်မည်ဖြစ်ကြောင်း၊ အဆိုပါ ဒီဂျစ်တယ်နည်းပညာက ၎င်းတို့ကို တပ်ဆင်ရေးလမ်းကြောင်း Assembly lines များတိုးတက်ရေးကို အထောက်အကူ ဖြစ်စေလိမ့်မည်ဖြစ်ကြောင်းနှင့် ထုတ်လုပ်မှု တိုးတက်စေရေးအတွက် အချက်အလက်ပမာဏများစွာကို ခွဲခြမ်းစိတ်ဖြာနိုင်အောင် ကူညီလိမ့်မည် ဖြစ်ကြောင်း စက်မှုဖွံ့ဖြိုးရေးရုံး၏ အကြီးအကဲ Thongchai Chawalitpichaet က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံအနေဖြင့် Covid-19 ကြောင့် အချို့သောနိုင်ငံများရှိ ထုတ်လုပ်မှုနှင့် သယ်ယူပို့ဆောင်ရေးနှေးကွေးခြင်း(သို့မဟုတ်)ဆိုင်းငံ့ခြင်းများ ဖြစ်ပေါ်ခဲ့ပြီးနောက် အဆိုပါစွန့်စားရသည့် အစီအစဉ်များအပေါ် လျှော့ချခွဲခြားဆောင်ရွက်နိုင်ရေးအတွက် ပြန်လည်သုံးသပ်နေကြသည့် နိုင်ငံခြားထုတ်လုပ်သူများကို ကြိုဆိုရန်လည်း အသင့်ပြုလုပ်ထားသင့်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News