Local News

စတုတ္ထအကြိမ် မဲခေါင်-လန်ချန်း နယ်စပ်ဖြတ်ကျော် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေးကျင်းပ

Last Updated:

စတုတ္ထအကြိမ် မဲခေါင်-လန်ချန်း နယ်စပ်ဖြတ်ကျော် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ် Online (Virtual) နည်းလမ်းဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံမှသက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များအပါအဝင် စုစုပေါင်း ကိုယ်စားလှယ် (၇၃ ) ဦး တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းက အစည်းအဝေး ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOFCOM)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Yu Xiang   က အစည်းအဝေး ပူးတွဲဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ကြပါသည်။ 

 

 

 

( ကျော်စိန်ဝင်း၊ MYANTRADE)

Category: Local News