Local News

စျေးအနည်းငယ်ကျဆင်းသွားတဲ့ ကြက်သွန်နီ

Last Updated:

            မကွေးတိုင်းဒေသကြီးအတွင်းတွင် ကြက်သွန်နီစိုက်ပျိုးထွက်ရှိရာ ဒေသများတွင် ကြက်သွန်နီ (မိုး)များ အများအပြားပေါ်ထွက်လာပြီဖြစ်ရာ စျေးကွက်ထဲသို့ အလုံးအရင်းနှင့် ဝင်ရောက်လာပြီဖြစ် ပါတယ်။ ပခုက္ကူနှင့်ဆိပ်ဖြူဒေသများကတော့ ကြက်သွန်နီကို အဓိကစိုက်ပျိုးတဲ့ ဒေသများဖြစ်ပြီး ဆိပ်ဖြူကုန်စည်ဒိုင်သည် ကြက်သွန်နီကိုသာ အဓိကအရောင်းအဝယ်ပြုလုပ်ကြတဲ့ ကုန်စည်ဒိုင်ပဲ ဖြစ်ပါတယ်။

          ကြက်သွန်နီမိုး(ဥစိုက်)များ စတင်ထွက်ပေါ်စတွင် စျေးကောင်းရရှိပြီး စျေးကွက်ထဲသို့ အများ အပြား ဝင်ရောက်လာချိန်မှာတော့ အနည်းငယ်စျေးကျဆင်းလာတာကို တွေ့ရပါတယ်။  ယခုရက်ပိုင်း အတွင်း ကြက်သွန်နီစျေးတစ်ဖြေးဖြေးနှင့် အနည်းငယ်ကျဆင်းလာပြီး ယခင်နေ့များဖြစ်သည့် (၁၆.၁.၂၀၂၃)ရက်နေ့တွင် (၁၈ဝဝ)ကျပ်စျေး၊ (၁၇.၁.၂၀၂၃)ရက်နေ့တွင် (၁၈၅၀)ကျပ်စျေး၊ ယနေ့ (၁၈.၁.၂၀၂၃)ရက်နေ့မှာတော့ (၁၆၅ဝ)ကျပ်စျေးတို့ဖြင့် တစ်ဖြေးဖြေးစျေးကျဆင်းကာ အရောင်း အဝယ်ဖြစ်နေပြီး ပခုက္ကူနှင့်ဆိပ်ဖြူစျေးကွက်များသို့ (၁၆.၁.၂၀၂၃)ရက်နေ့တွင် ပိသာ(၆၁ဝဝဝ)၊ (၁၇.၁.၂၀၂၃)ရက် နေ့တွင် ပိသာ(၁၁ဝဝဝဝ)၊ ယနေ့(၁၈.၁.၂၀၂၃)ရက်နေ့မှာတော့ ပိသာ(၉ဝဝဝဝ) တို့ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရှိရပါသည်။

Category: Local News