Local News

ဈေးငြိမ်နေတဲ့မတ်ပဲ

Last Updated:

ဧရာဝတီတိုင်းဒေသကြီးအတွင်း မတ်ပဲဈေးနှုန်းများကတော့ မတ်ပဲသစ်စပေါ်ချိန်မှာ တစ်တင်းဈေးနှုန်း ကျပ် ၆၀၀၀၀ ရရှိခဲ့ပေမယ့် နောက်ရက်တွေမှာ ဈေးကျဆင်းလာကြောင်း တွေ့ရ ပါတယ်။

တစ်ပတ်အတွင်း မတ်ပဲဈေးနှုန်းများကတော့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ တစ်တင်းလျှင် ကျပ် ၅၅၅၀၀၊ ၂၉ ရက်နေ့မှာ ကျပ် ၅၅၄၀၀၊ ၃၀ ရက်နေ့မှာ ကျပ် ၅၄၈၀၀၊ ၃၁ ရက်နေ့မှာ ကျပ် ၅၄၈၀၀၊ ဇန်နဝါရီလ ၂ ရက်နေ့မှာ ကျပ် ၅၅၅၀၀၊ ၃ ရက်နေ့မှာ ကျပ် ၅၄၈၀၀၊ ၄ ရက်နေ့မှာ ကျပ် ၅၄၅၀၀၊ ၅ ရက်နေ့မှာ ကျပ် ၅၄၂၀၀ အသီးသီးဖြစ်ပါတယ်။

အဓိကဝယ်လက်ဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာတော့ ပဲတင်သွင်းမယ့် importer တွေကို တင်ဒါ ခေါ်ယူတဲ့ပွဲကို ဒီဇင်ဘာလ တတိယပတ်မှာစီစဉ်ထားပြီးမှ ရက်ရွှေ့ဆိုင်းလိုက်တာကြောင့် မြန်မာ မတ်ပဲဈေးနှုန်းအေးသွားတာဖြစ်ကြောင်း မတ်ပဲရောင်းဝယ်သူ လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

ဒါ့အပြင် မြန်မာမတ်ပဲနဲ့ပဲစဉ်းငုံတင်သွင်းခွင့်ကာလကိုလည်း ၂၀၂၄ ခုနှစ် မတ်လ ၃၁ ရက် နေ့အထိ တိုးမြှင့်ပေးလိုက်တာကြောင့် မြန်မာမတ်ပဲ ကုန်သည်တွေက အချိန်ပိုမိုရရှိသွားပြီး မတ်ပဲကို အနိမ့်ဈေးနဲ့ ရောင်းလိုကြမှာမဟုတ်ကြောင်း Agri World Mumbai ကဖော်ပြထားပါတယ်။

လက်ရှိဈေးနှုန်းနဲ့ လက်ရှိအခြေအနေမှာ နေ့စဉ်အရောင်းအဝယ် ပုံမှန်ဖြစ်နေကြောင်း သိရှိ ရပြီး၊ ဝယ်လက်နိုင်ငံရဲ့ ပဲလိုအပ်ချက်အရ ရေရှည်မှာ မတ်ပဲဈေးပြန်ကောင်းလာ နိုင်ပေမယ့် အလွန်အမင်း ဈေးကောင်းရရှိတာမျိုးတော့ ဖြစ်လာနိုင်မှာမဟုတ်ကြောင်း သုံးသပ်ရရှိပါတယ်။

ဧရာကုန်သွယ်မှုဗဟိုဌာန

Category: Local News