ဈေးကွက်ဈေးနှုန်း

တစ်ပတ်အတွင်း မတ်ပဲဈေးနှုန်းနှိုင်းယှဉ်ချက် (၁၁.၃.၂၀၂၀ မှ ၁၇.၃.၂၀၂၀ ထိ)

Last Updated:

ယခင်သီတင်းပတ်ကာလအစတွင် မတ်ပဲဈေးနှုန်းသည် တစ်တင်းလျှင် ကျပ် (၃၀၀၀၀)ကျော်ရှိခဲ့ရာမှ ဒေါ်လာဈေးနှုန်းကျဆင်းမှုကြောင့် မတ်ပဲဈေးနှုန်းသည်လည်း ကျဆင်းလာခဲ့ရာ တစ်တင်းလျှင် ကျပ် (၂၇၀၀၀) ထိရောက်ရှိခဲ့ပြီး သီတင်းပတ်နောက်ဆုံးရက်များတွင် ဒေါ်လာငွေကြေးဈေးနှုန်း အနည်းငယ် ပြန်တက်လာခဲ့သောကြောင့် မတ်ပဲတစ်တင်းတန်ဖိုး ကျပ် (၂၈၀၀၀)ကျော်ဖြင့် ရောင်းဝယ် လျှက်ရှိခဲ့ပါသည်။

၁၁.၃.၂၀၂၀ မှ ၁၇.၃.၂၀၂၀ ရက်များအတွင်း မတ်ပဲဈေးနှုန်းဆက်လက်မြင့်တက်လာခဲ့ပါသည်။    ၁၁.၃.၂၀၂၀ ရက်နေ့တွင် မတ်ပဲတစ်တင်းလျှင် ကျပ် (၂၈၈၀၀ ) မှ (၂၉၃၀၀) အတွင်းရှိခဲ့ပါသည်။ ၁၃.၃.၂၀၂၀ ရက်နေ့တွင် ကျပ် (၂၈၀၀၀) ထိပြန်လည်ကျဆင်းသွားပြီး ၁၄.၃.၂၀၂၀ ရက်နေ့တွင် ကျပ် (၂၉၅၀၀) ထိပြန်လည်မြင့်တက်လာခဲ့ပါသည်။  ထို့နောက် ၁၇.၃.၂၀၂၀ ရက်နေ့ထိ ကျပ် (၂၉၀၀၀) ဖြင့် ဈေးနှုန်းဖြင့် ဆက်လက်ရောင်းဝယ်လျှက်ရှိခဲ့ပါသည်။

တစ်ပတ်အတွင်း ဒေါ်လာငွေဈေးနှုန်းသည်လည်း ၁၁.၃.၂၀၂၀ မှ ၁၇.၃.၂၀၂၀ ရက်များအတွင်း ၁၃၄၀ ကျပ်ဝန်းကျင်မှ ၁၄၁၀ ကျပ်ထိတက်လာခဲ့ပြီး လက်ရှိအခြေအနေတွင် ဒေါ်လာငွေလဲလှယ်နှုန်းပေါ် မူတည်၍ မတ်ပဲဈေးနှုန်းအပြောင်းအလဲဖြစ်ပေါ်လျှက်ရှိကြောင်း သုံးသပ်ရရှိပါသည်။