Local News

ဒီဇင်ဘာနောက်ဆုံးပတ် မန္တလေးကုန်စည်ဒိုင်၏ မြေပဲ ဈေးနှုန်းဈေးကွက်

Last Updated:

မန္တလေးကုန်စည်ဒိုင်သို့ ရေနံချောင်း၊ ချောက်၊ ညောင်ဦးဘက်မှ ကုန်းမြေပဲဆံအသစ်များ ဝင်ရောက်နေပြီး၊ မြေပဲလုံးဆံများကို တရုတ်မှ ဝယ်ယူနေပြီး၊ ဆီဆံများကိုဆီစက်များမှ ဝယ်ယူလျှက် ရှိကြောင်းသိရသည်။

မြေပဲလုံးဆံ(ဖြူ)တစ်ပိဿာဈေးမှာ ယခုတစ်ပတ်တွင်ကျပ်၅၂၀၀ မှ ၅၃၀၀၊ ယခင်တစ်ပတ် ကျပ်၅၂၀၀မှ ၅၇၀၀၊ ယခင်လကျပ်၅၁၀၀မှ ၅၂၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၄၀၀နိမ့်ကျလာ ပြီး၊ ယခင်လထက်ကျပ်၁၀၀ မြင့်တက်လာသည်။

မြေပဲလုံးဆံ(အနီ)တစ်ပိဿာဈေးမှာ ယခုတစ်ပတ်တွင်ကျပ်၆၂၀၀မှ ၆၃၀၀၊ ယခင်တစ်ပတ်ကျပ် ၆၅၀၀မှ ၆၇၀၀၊ ယခင်လကျပ် ၆၇၅၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ်၃၀၀မှ ၄၀၀၊  ယခင်လထက်ကျပ် ၄၅၀နိမ့်ကျလာသည်။

မြေပဲ(ဆီဆံ) တစ်ပိဿာဈေးမှာ ယခုတစ်ပတ်တွင် ကျပ် ၄၆၀၀ မှ ၄၇၀၀ ယခင်တစ်ပတ် ကျပ် ၄၆၀၀ မှ ၄၇၀၀၊ ယခင်လကျပ် ၄၆၀၀ မှ ၄၈၀၀ ဖြစ်သည်။ ယခင်တစ်ပတ် အတိုင်းဈေးငြိမ်နေပြီး၊ ယခင်လထက်ကျပ် ၁၀၀ နိမ့်ကျလာသည်။

ရတနာပုံကုန်သွယ်မှုဗဟိုဌာန

Category: Local News