Local News

ပခုက္ကူကုန်စည်ဒိုင်စျေးနှုန်းနှင့်သုံးသပ်ချက်များ

Last Updated:

ပခုက္ကူကုန်စည်ဒိုင် စျေးနှုန်းသုံးသပ်ချက်

                                                                                                                      ရက်စွဲ၊ ၆.၂.၂၀၂၃

နှမ်းမျိုးစုံ        

နှမ်းမျိုးစုံစျေးနှုန်းအနေဖြင့် (၃.၂.၂၀၂၃)ရက်နေ့နှင့်နှိုင်းယှဉ်ရာတွင် နှမ်းနက်(စမုံ)(၁)တင်းလျှင် ယခင် နေ့တွင်(၁၀၂ဝဝဝ)ကျပ်စျေး၊ ယနေ့(၉၉ဝဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၃ဝဝဝ)ကျပ်စျေး ကျကာ အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။

ပဲမျိုးစုံ        

ပဲမျိုးစုံအနေဖြင့် (၃.၂.၂၀၂၃)ရက်နေ့နှင့်နှိုင်းယှဉ်ရာတွင် ပဲစဉ်းငုံ(နီ) (၁)တင်းလျှင် ယခင်နေ့တွင် (၆၁၄ဝဝ)ကျပ်စျေး၊ ယနေ့(၆၀၁ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၁၃၀ဝ)ကျပ်၊ ပဲယင်း(နီ) (၁)တင်းလျှင် ယခင်နေ့တွင် (၇၆၀ဝဝ)ကျပ်စျေး၊ ယနေ့(၇၃၅ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၂၅ဝဝ)ကျပ်တို့စျေးကျပြီး အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။

ကြက်သွန်နီ        

ကြက်သွန်နီစျေးနှုန်းအနေဖြင့် (၃.၂.၂၀၂၃)ရက်နေ့နှင့်နှိုင်းယှဉ်ရာတွင် ကြက်သွန်နီ(၁)ပိသာလျှင် ယခင်နေ့တွင်(၁၂၀ဝ)ကျပ်စျေး၊ ယနေ့(၁၀၀ဝ)ကျပ် စျေးဖြစ်သည့်အတွက် (၂၀ဝ)ကျပ်စျေး ကျကာ အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။

Category: Local News