Local News

ပခုက္ကူကုန်စည်ဒိုင်တွင် တစ်ပတ်အတွင်း နှမ်းညိုနှင့်ပဲတီစိမ်းသေး စျေးမြင့်တက်

Last Updated:

ပခုက္ကူကုန်စည်ဒိုင်တွင် တစ်ပတ်အတွင်း နှမ်းညိုနှင့်ပဲတီစိမ်းသေး စျေးမြင့်တက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူကုန်စည်ဒိုင်တွင် ပဲမျိုးစုံတို့အရောင်းအဝယ်ဖြစ်လျှက်ရှိရာ တစ်ပတ်အတွင်း ကာလတူ (၃.၈.၂၀၂၂)ရက်နေ့ နှင့်နှိုင်းယှဉ်ပါက နှမ်းညို(၁)တင်းလျှင် ယခင်တစ်ပတ်တွင် (၆၁၀ဝဝ)ကျပ်စျေး၊ ယနေ့(၆၄၀ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၃၀ဝဝ) ကျပ်၊ပဲတီစိမ်းသေး (၁)တင်းလျှင် ယခင်တစ်ပတ်တွင် (၄၅၅ဝဝ)ကျပ်စျေး၊ ယနေ့(၄၉၅ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၄၀ဝဝ)ကျပ်တို့ စျေးမြင့်တက်ကာ အရောင်းအဝယ် ဖြစ်လျှက်ကြောင်း သိရှိရပါသည်။

ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News