Local News

ပဲမျိုးစုံစျေးအနည်းငယ်စီတက်သော်လည်း မြေပဲဆံစျေးမှာ သိသိသာသာတက်

Last Updated:

ပဲမျိုးစုံစျေးအနည်းငယ်စီတက်သော်လည်း မြေပဲဆံစျေးမှာ သိသိသာသာတက်

မကွေးတိုင်းဒေသကြီးအတွင်း ပဲမျိုးစုံစျေးများ စျေးအနည်းငယ်စီ တက်နေသော်လည်း မြေပဲဆံစျေးမှာ ပြည်တွင်းမြေပဲဆီ စားသုံးမှုများလာတဲ့အတွက် သိသိသာသာ စံချိန်တင်လောက်အောင် တက်နေတာကိုတွေ့ရပါတယ်။ ကုလားပဲအုပ်စုဝင် အားလုံးနီးပါး စျေးတက်နေပြီး ကုလားပဲ(B2) အမျိုးအစားမှာ နယ်အဝယ်များတာကြောင့် အခြားကုလားပဲအုပ်စုဝင်များထက် စျေးပိုတက်နေတာကို တွေ့ရပါတယ်။ ပို့ကုန်ပဲများဖြစ်တဲ့ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲစဉ်းငုံတို့မှာ ပြည်တွင်းလက်ကျန်နည်း နေချိန်တွင် ပို့ကုန်သမားများမှ အဝယ်ရှိနေတဲ့အတွက် စျေးအနည်းငယ်မြင့် တက်နေတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန်(၂)သိန်းခွဲနှင့် ပဲစဉ်းငုံတန်ချိန်(၁)သိန်းကို (၅)နှစ်ဆက်တိုက် အိန္ဒိယမှနှစ်စဉ် ဝယ်ယူသွားမည်ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ထားတဲ့အတွက် ပဲစျေးကွက်ပုံမှန်မဟုတ်ဘဲ စျေးအတက်အကျမငြိမ်သော်လည်း အရောင်းအဝယ်ကောင်း နေတဲ့အပြင် ပို့ကုန်ပေါက်စျေးများလည်း လိုက်ပါမြင့်တက်နေတယ်လို့ သိရပါတယ်။ အချို့ပဲအမျိုးအစားများမှာ ပုံမှန်သာ အရောင်းအဝယ်ရှိပြီး စျေးငြိမ်နေတာကို တွေ့ရပါတယ်။

မြေပဲဆံစျေးအနေဖြင့် မြေပဲဆံ(၁)ပိဿာလျှင် ယခင်တစ်ပတ်(၃.၈.၂၀၂၂)ရက်နေ့တွင် (၆ဝဝဝ)ကျပ်စျေး၊ ယခုတစ်ပတ် (၁၀.၈.၂၀၂၂)ရက်နေ့တွင် (၆၂၅ဝ)ကျပ်စျေးဖြစ်တဲ့အတွက် (၂၅ဝ)ကျပ်၊ ကုလားပဲ(B2) (၁၉)ပိဿာ(၁)တင်းလျှင် ယခင်တစ်ပတ် (၃.၈.၂၀၂၂)ရက်နေ့တွင် (၅၃၀၀၀)ကျပ်စျေး၊ ယခုတစ်ပတ် (၁၀.၈.၂၀၂၂)ရက်နေ့တွင် (၅၃၅ဝဝ)ကျပ်စျေးဖြစ်တဲ့အတွက် (၅ဝဝ)ကျပ်၊ ကုလားပဲ(929) (၁၉)ပိဿာ(၁) တင်းလျှင် ယခင်တစ်ပတ် (၃.၈.၂၀၂၂)ရက်နေ့တွင် (၅၀၂၀၀)ကျပ်စျေး၊ ယခုတစ်ပတ် (၁၀.၈.၂၀၂၂)ရက် နေ့တွင် (၅၄ဝဝဝ)ကျပ်စျေးဖြစ်တဲ့အတွက် (၃၈ဝဝ)ကျပ်၊ ကုလားပဲ(HL) (၁၉)ပိဿာ(၁)တင်းလျှင် ယခင် တစ်ပတ်(၃.၈.၂၀၂၂)ရက်နေ့တွင် (၄၉၃၀၀)ကျပ်စျေး၊ ယခုတစ်ပတ် (၁၀.၈.၂၀၂၂)ရက်နေ့တွင် (၅၃၅ဝဝ) ကျပ်စျေးဖြစ်တဲ့အတွက် (၄၂၀၀)ကျပ်၊ ကုလားပဲ(မြကြေး) (၁၉)ပိဿာ(၁)တင်းလျှင် ယခင်တစ်ပတ် (၃.၈.၂၀၂၂)ရက်နေ့တွင် (၄၉၅၀၀)ကျပ်စျေး၊ ယခုတစ်ပတ် (၁၀.၈.၂၀၂၂)ရက်နေ့တွင် (၅၃၀၀၀)ကျပ် စျေးဖြစ်တဲ့အတွက် (၃၅၀၀)ကျပ်၊ ပဲတီစိမ်း (၁၉)ပိဿာ(၁)တင်းလျှင် ယခင်တစ်ပတ်(၃.၈.၂၀၂၂)ရက်နေ့တွင် (၄၃၅၀၀)ကျပ်စျေး၊ ယခုတစ်ပတ်(၁၀.၈.၂၀၂၂)ရက်နေ့တွင် (၄၄၅၀၀)ကျပ် စျေးဖြစ်တဲ့ အတွက်(၁၀၀၀)ကျပ်၊ ပဲစဉ်းငုံ(နီ) (၂၀)ပိဿာ(၁)တင်းလျှင် ယခင်တစ်ပတ် (၃.၈.၂၀၂၂)ရက်နေ့တွင် (၅၀၀၀၀)ကျပ်စျေး၊ ယခုတစ်ပတ် (၁၀.၈.၂၀၂၂)ရက်နေ့တွင် (၅၉၅၀၀)ကျပ်စျေးဖြစ်တဲ့အတွက် (၉၅၀၀)ကျပ်၊ မတ်ပဲ (၂၀)ပိဿာ(၁)တင်းလျှင် ယခင် တစ်ပတ်(၃.၈.၂၀၂၂)ရက်နေ့တွင် (၅၂၀၀၀)ကျပ်စျေး၊ ယခုတစ်ပတ် (၁၀.၈.၂၀၂၂)ရက်နေ့တွင် (၅၈၅၀၀)ကျပ်စျေးဖြစ်တဲ့အတွက် (၆၅၀၀)ကျပ်ဖြင့် စျေးအသီးသီးတက်ခဲ့ပြီး မြေပဲဆံစျေးမှာ ယခင်တစ်ပတ်တွင် (၁)ပိဿာလျှင် (၅၀)ကျပ်မှ (၁၀၀)ကျပ်သာ တက်ခဲ့သော်လည်း ယခုတစ်ပတ်တွင် (၂၅ဝ)ကျပ်အထိ သိသိသာသာ စျေးတက်လာတာကို တွေ့ရပါတယ်။

ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News