Local News

မကွေးကုန်စည်ဒိုင်တွင် တစ်ပတ်အတွင်း ပဲတီစိမ်း၊ ကုလားပဲ၊ ပဲစဉ်းငုံနီနှင့်မတ်ပဲစျေးများမြင့်တက်

Last Updated:

မကွေးကုန်စည်ဒိုင်တွင် တစ်ပတ်အတွင်း ပဲတီစိမ်း၊ ကုလားပဲ၊ ပဲစဉ်းငုံနီနှင့်မတ်ပဲစျေးများမြင့်တက်

မကွေးတိုင်းဒေသကြီး၊ မကွေးကုန်စည်ဒိုင်တွင် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျှက်ရှိရာ တစ်ပတ်အတွင်းကာလတူ (၁၀..၂၀၂၂) ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက ပဲတီစိမ်း၊ကုလားပဲ၊ပဲစဉ်းငုံနီနှင့်မတ်ပဲများ စျေးမြင့်တက်ခဲ့ပါသည်။ ပဲတီစိမ်း (၁၉)ပိဿာ(၁) တင်းလျှင် ယခင်တစ်ပတ်တွင်(၄၄၅ဝဝ)ကျပ်၊ ယခုတစ်ပတ် (၄၅၀ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၅ဝဝ)ကျပ်၊  ကုလားပဲ (V2) (၁၉)ပိဿာ (၁)တင်းလျှင် ယခင်တစ်ပတ်တွင် (၅၃၅ဝဝ)ကျပ်၊ ယခုတစ်ပတ် (၅၈၀ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၄၅ဝဝ)ကျပ် ကုလားပဲ(မြကြေး) (၁၉)ပိဿာ (၁)တင်းလျှင် ယခင်တစ်ပတ်တွင်(၅၃၀ဝဝ)ကျပ်၊ ယခုတစ်ပတ် (၅၅၀ဝဝ)ကျပ် စျေးဖြစ်သည့် အတွက် (၂၀ဝဝ)ကျပ်၊  ကုလားပဲ (929) (၁၉)ပိဿာ(၁)တင်းလျှင် ယခင်တစ်ပတ်တွင် (၅၄၀ဝဝ)ကျပ်၊ ယခုတစ်ပတ် (၆၁၂ဝဝ) ကျပ်စျေးဖြစ်သည့်အတွက် (၇၂ဝဝ)ကျပ်၊  ကုလားပဲ(HL) (၁၉)ပိဿာ(၁)တင်းလျှင် ယခင်တစ်ပတ်တွင်(၅၃၅ဝဝ)ကျပ်၊ ယခု တစ်ပတ် (၆၀၃ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၆၈ဝဝ)ကျပ်၊ ကုလားပဲ(သေး) (၁၉)ပိဿာ (၁) တင်းလျှင် ယခင်တစ်ပတ်တွင် (၅၀၀ဝဝ)ကျပ်၊ ယနေ့(၅၁၀ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၁၀ဝဝ)ကျပ်၊ ပဲစဉ်းငုံးနီ(သစ်) (၂၀)ပိဿာ(၁)တင်းလျှင် ယခင်တစ်ပတ် တွင်(၅၉၅ဝဝ)ကျပ်၊ ယနေ့(၆၁၃ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၁၈ဝဝ)ကျပ်၊ မတ်ပဲ (၂၀)ပိဿာ(၁)တင်းလျှင် ယခင်တစ်ပတ်တွင် (၅၈၅ဝဝ)ကျပ်၊ ယနေ့(၆၀၀ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၁၅ဝဝ)ကျပ် အသီးသီးစျေးသိသိသာသာ မြင့်တက်ခဲ့ကာ အရောင်းအဝယ် ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။

ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News