မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်
နှမ်း
ယခင်( ၂၇-၂-၂၀၂၀ )ရက်နေ့စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်ဂွနက်/ရိုးရိုး (၅၀၀၀/) ၊ နှမ်းဖြူ(၃၀၀၀/-)(၄၀၀၀/-) ၊နှမ်းဖြူ-ရေသွင်း(၁၀၀၀/-) ၊နှမ်းနီ(၂၀၀၀/-)၊ နှမ်းညိုကြား (၁၀၀၀/-) ကျပ် စျေးတက်ပြီး အရောင်းအဝယ် ဖြစ်လျှက် ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၈၀၀ မှ ၁၂၀၀) ဝန်းကျင်ထိ အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။
ပဲမျိုးစုံ
ပဲမျိုးစုံမှာ ယခင် ( ၂၇-၂-၂၀၂၀ ) ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက ပဲလွန်းဝါသေး (၂၃၀၀/-)၊ ပဲကြီးမဲ (၂၅၀၀/-)ကျပ် စျေးတက်ပြီး ကုလားပဲသေး (၂၀၀/- ) ၊ပဲထောပတ်(၅၀၀/-)၊ ပဲစဉ်းငုံ (သစ်) (၁၀၀/-) ၊ ပဲစဉ်းငုံ (ဟောင်း) (၁၀၀၀/-) ၊ မတ်ပဲ (၃၅၀၀/-) ကျပ် စျေးကျ ကာကျန် ပဲမျိုးစုံစျေး များ အပြောင်း အလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။
မြေပဲဆံ
မြေပဲဆံအနေဖြင့််ယခင်( ၂၇-၂-၂၀၂၀ )ရက်စျေးနှုန်းထက် မြေပဲလုံးဆံနီ(လိုင်း)(၁၀၀/-) ကျပ်စျေးတက်ပြီး မြေပဲလုံးဆံဖြူ(လိုင်း)၊ မြေပဲလုံးဆံဖြူ (လုပ်ငန်းသုံး) မြေပဲလုံးဆံနီ (လုပ်ငန်းသုံး) ၊မြေပဲတောင့် မျိုးပဲနီတို့ စျေးအပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။
ဆီ
ဆီအနေဖြင့််မကွေးကုန်စည်ဒိုင်စျေးအရ( ၂၇.၂.၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါက စားအုန်းဆီ (၈၀/-) ကျပ်စျေးကျပြီး၊ နှမ်းဆီ၊ မြေပဲဆီ၊အပြောင်းအလဲမရှိဘဲ အရောင်းအဝယ်ဖြစ်လျှက်ရှိပါ သည်။
ဆန်
မကွေးကုန်စည်ဒိုင်စျေးအရ ဆန်အနေဖြင့် (၂၇.၂.၂၀၂၀)ရက်နေ့ နှင့်နှိုင်းယှဉ်ပါက ဧရာပဒေသာခပ်ချက်၊ ပေါ်ဆန်းမွှေးဖျာပုံ၊ ပေါ်ဆန်မွှေးရွှေဘို စျေးအပြောင်းအလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သုံးသပ် တင်ပြအပ်ပါ သည်။
ရက်စွဲ၊ ၅.၃.၂၀၂၀
ပခုက္ကူကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်
ပခုက္ကူ ကုန်စည်ဒိုင်တွင် ယခင် ( ၂၇-၂-၂၀၂၀ ) ရက် စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက ကုလားပဲ(V2)(၅၀၀/-)၊ ကုလားပဲ(ကုလားပဲ(V6)(၅၀၀/-) စွန်တာကျွန်း(၈၀၀/-)၊ ပဲဇီးကွက်သစ် (၇၀၀/-) ကျပ်စျေးကျကာပဲစဉ်းငုံ2020(၁၀၀/-)၊ ကုလားပဲ(HL)သစ် (၃၀၀/-)၊ ၊ထောဖြူကျွန်းသစ် (၃၀၀/-) ကျပ်စျေးတက်ပြီး ကျန်ပဲမျိုးစုံနှင့် နှမ်းစျေးများအပြောင်း အလဲမရှိဘဲနှမ်း(၅၀)အိတ်
နှင့် ပဲမျိုးစုံ(၅၅၀)အိတ်နှင့်စီပီပြောင်း(၅၀)အိတ် အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။
ရေစကြိုကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်
ရေစကြို ကုန်စည်ဒိုင်တွင် ယခင် ( ၂၆-၂-၂၀၂၀ ) ရက် စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက ၊ စားအုန်းဆီ(၂၀၀/-) ၊ မြေပဲဆံနီလုံးဆံ(၃၀၀/-) ၊မြေပဲဆံဖြူလုံးဆံ(၁၀၀/-) ၊ မတ်ပဲ(၄၀၀၀/-) စွန်တာပြာ (၅၀၀/-) ၊ ပဲဇီးကွက် (၅၀၀/-) ၊ ပဲလွန်းပြာ (၁၀၀၀/-) ၊ ကုလားပဲ(V2) (၅၀၀/-)၊ စီပီပြောင်း (၁၀၀/-) ကျပ် စျေးကျကာ ကျန်ပဲမျိုးစုံနှင့် နှမ်းစျေးများ အပြောင်းအလဲမရှိ အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။