Local News

မတ်ပဲနှင့်ပဲမျိုးစုံဈေးပြန်တက်လာ

Last Updated:

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဇန်နဝါရီလ တတိယပတ်အထိ မတ်ပဲနှင့်ပဲမျိုးစုံ ဈေးနှုန်း များတည်ငြိမ်နေပြီး စတုတ္ထပတ်အတွင်းတွင်ဈေးနှုန်းများပြန်တက်လာကြောင်းသိရှိရသည်။ အထူး သဖြင့် မတ်ပဲဈေးနှုန်းမှာ တစ်တင်းလျှင် ကျပ် ၅၀၀၀၀ ဝန်းကျင်တွင်ရှိနေရာမှ ဈေးပြန် တက်လာ သည်။

တပါတ်အတွင်းဖြစ်ပေါ်ခဲ့သော မတ်ပဲဈေးနှုန်းများမှာ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် တစ်တင်း လျှင် ကျပ် ၅၇၅၀၀၊ ဖေဖော်ဝါရီလ ရက်နေ့တွင် ကျပ် ၅၈၀၀၀၊ ရက်နေ့တွင် ကျပ် ၅၉၇၀၀၊ ရက်နေ့တွင် ကျပ် ၆၀၂၀၀၊ ရက်နေ့တွင် ကျပ် ၅၈၅၀၀၊ ရက်နေ့တွင် ကျပ် ၅၉၀၀၀၊ ရက်နေ့တွင် ၅၉၅၀၀ အသီးသီးဖြစ်ပါသည်။

အခြားပဲမျိုးစုံဈေးနှုန်းများ၏ တပါတ်အတွင်း ဈေးနှုန်းနှိုင်းယှဉ်ချက်မှာ ယခင်သတင်းပတ် အတွင်း ပဲတီစိမ်းဆီပြောင် တစ်တင်းဈေး ကျပ် ၆၅၀၀၀ မှ ယခုသတင်းပတ်အတွင်း ကျပ် ၆၇၀၀၀ ဖြစ်လာသည်။ ပဲလွန်းဖြူဈေးနှုန်း ကျပ် ၄၅၀၀၀ မှ ကျပ် ၄၆၅၀၀၊ ပဲလွန်းနီဈေးနှုန်း ကျပ် ၆၄၀၀၀ မှ ကျပ် ၆၈၀၀၀၊ ပဲတီစိမ်းအနီ ကျပ် ၁၀၀၀၀၀ မှ ကျပ် ၁၁၀၀၀၀၊ ပဲရင်းနီဈေးနှုန်း ကျပ် ၇၀၀၀၀ မှ ကျပ် ၇၃၅၀၀ အသီးသီး ဈေးမြင့်တက်လာကြောင်း သိရှိရသည်။

မတ်ပဲဈေးနှုန်းသည် ပြည်တွင်းငွေကြေးဈေးနှုန်းကျဆင်းလာခြင်းနှင့်အတူ အဓိက ဝယ်လက် နိုင်ငံ၏ ပြည်တွင်းဈေးနှုန်းမြင့်တက်လာခြင်းကြောင့် ဈေးတက်လာကြောင်းသိရသည်။

အိန္ဒိယနိုင်ငံ၏ ပြည်တွင်းဝယ်လိုအား အတန်အသင့်ရှိနေသော်လည်း မြန်မာ မတ်ပဲကို အကန့်အသတ်ဖြင့်တင်သွင်းနေခြင်းကြောင့် ၎င်းတို့၏ လက်ရှိမတ်ပဲဈေးကွက်မှာ ဈေးတန်းမာ လျှက်ရှိသည်။ မတ်လ ၁၀-၁၅ ရက်အတွင်းတွင် အိန္ဒိယသို့ မြန်မာမတ်ပဲအဝင်ရှိမည်ဖြစ်ပြီး အိန္ဒိယ နိုင်ငံအချို့ပြည်နယ်များတွင် အခါမဲ့မိုးရွာသွန်းမှုကြောင့် မတ်ပဲပျက်စီးမှုများလည်းရှိကြောင်း သိရ သည်။ မကြာသေးမီက မတ်ပဲတင်သွင်းမှုများတွင် ပြည်တွင်းကုန်သည်များ အနည်းငယ် နစ်နာမှု ရှိခဲ့သဖြင့် လက်ရှိမြန်မာမတ်ပဲတင်သွင်းမှု အားနည်းနေခြင်းဖြစ်ကြောင်း ဈေးကွက်ကျွမ်းကျင်သူ များက ဆိုသည်။

အိန္ဒိယ၏ ပြည်တွင်းစိုက်မတ်ပဲများမှာ လာမည့်အောက်တိုဘာလတွင်မှ ဈေးကွက်ဝင်လာ မည်ဖြစ်ပြီး လက်ရှိတွင် မြန်မာမတ်ပဲနှင့် အိန္ဒိယနိုင်ငံတောင်ပိုင်းမှ မတ်ပဲများကိုအားထားနေရ ကြောင်းသိရှိရသည်။

မြန်မာမတ်ပဲစိုက်ပျိုးထုတ်လုပ်မှုတန်ချိန် . သိန်းခန့်နှင့် အိန္ဒိယနိုင်ငံတောင်ပိုင်းမှ မတ်ပဲ ထွက်ရှိမှု တန်ချိန် . - သိန်းခန့်ရှိမည်ဖြစ်ကြောင်း၊ ပြည်တွင်းဝယ်လိုအား ဆက်လက်ခိုင်မာနေ မည်ဖြစ်ကြောင် Agri World Mumbai ကဆိုသည်။ ချနိုင်းမတ်ပဲဈေး တကွမ်တယ်လျှင်  အနိမ့်ဈေး Rs 6800-7000 မှ အမြင့်ဈေး Rs 8000-8200 ဖြင့် နောက်ထပ် လမှ လအတွင်း ဆက်လက် ရှိနေမည်ဖြစ်ကြောင်း သိရှိရသည်။

 

ဧရာကုန်သွယ်မှုဗဟိုဌာန 

Category: Local News