Local News

မန္တလေးကုန်စည်ဒိုင် ပြောင်းဖူးစေ့ ၊ဈေးမြင့်လာ

Last Updated:

နိုဝင်ဘာလနောက်ဆုံးပတ် မန္တလေးကုန်စည်ဒိုင်သို့ ရှမ်းပြည်နယ်မြောက်ပိုင်း ပျဉ်းမနား၊ တပ်ကုန်းဘက်မှ ပြောင်းဖူးစေ့အသစ်များ ဝင်ရောက်နေပြီး၊ ရန်ကုန်သင်္ဘောတင်ဝယ်လက်နှင့်  တိရိစ္ဆာန်အစာတောင့်စက်ရုံများမှ ဝယ်ယူလျှက်ရှိကြောင်းသိရသည်။

ရှမ်းပြောင်းဖူးစေ့၅၄ပိဿာဝင်သုံးတင်းတစ်အိတ်ဈေးနှုန်းမှာ တစ်အိတ်လျှင်ယခုတစ်ပတ်ကျပ် ၆၀၅၀၀မှ ၆၀၀၀၀၊ ယခင်တစ်ပတ်ကျပ် ၅၈၀၀၀မှ ၅၅၀၀၀ ယခင်လကျပ် ၅၄၀၀၀မှ၅၃၅၀၀ ဖြစ်သည်။  သုံးတင်းတစ်အိတ်လျှင် ယခင်တစ်ပတ်ထက်ကျပ်၂၅၀၀မှ၅၀၀၀ ယခင်လထက်ကျပ်၆၅၀၀ မှ ၇၀၀၀ မြင့်တက်လာသည်။

 စီပီပြောင်း ၅၄ ပိဿာဝင်သုံးတင်းတစ်အိတ်ဈေးနှုန်းမှာ ယခုတစ်ပတ်ကျပ် ၆၀၅၀၀မှ ၆၀၀၀၀၊ ယခင်တစ်ပတ်ကျပ် ၅၈၀၀၀မှ ၅၆၅၀၀၊ ယခင်လကျပ်၅၄၀၀၀မှ၅၃၅၀၀ဖြစ်သည်။  သုံးတင်းတစ်အိတ်လျှင် ယခင်တစ်ပတ်ထက်ကျပ်၂၅၀၀မှ ၃၅၀၀ ယခင်လထက် ကျပ်၆၅၀၀ မြင့်တက်လာသည်။

 ဗမာပြောင်းဖူးစေ့ ၅၄ ပိဿာဝင်သုံးတင်း တစ်အိတ်ဈေးနှုန်းမှာ ယခုတစ်ပတ် ကျပ် ၅၉၀၀၀ ၊ယခင်တစ်ပတ် ကျပ် ၅၇၀၀၀ မှ ၅၅၀၀၀၊ ယခင်လ ကျပ် ၅၃၅၀၀ မှ ၅၃၀၀၀ ဖြစ်သည်။  သုံးတင်းတစ်အိတ်လျှင် ယခင်တစ်ပတ်ထက်ကျပ်၂၀၀၀ မှ ၄၀၀၀၊ ယခင်လထက်ကျပ် ၅၅၀၀မှ ၆၀၀၀မြင့်တက်လာသည်။

ရတနာပုံကုန်သွယ်မှုဗဟိုဌာန

 

Category: Local News