Local News

မန္တလေးကုန်စည်ဒိုင်တွင် ကုလားပဲ လက်ကျန်နည်းလာ၍ ဈေးမြင့်နေ

Last Updated:

ဒီဇင်ဘာလတတိယပတ်အတွင်း မန္တလေးကုန်စည်ဒိုင်တွင် ကုလားပဲအသစ်ထွက်ချိန်မရောက်သေးခြင်း၊ ပဲခွဲစက်များမှဝယ်ယူမှုများလာ ခြင်း၊ ဈေးကွက်တွင် ကုလားပဲလက်ကျန်နည်းလာခြင်းတို့ကြောင့် ဈေးမြင့်လာကြောင်း မန္တလေးကုန်စည်ဒိုင်သတင်းများအရသိရသည်။ ကုလားပဲသုံးတင်းတစ်အိတ်လျှင် ပျမ်းမျှ ယခင်တစ်ပတ်ထက်ကျပ်၂၀၀၀ မှ ၁၃၀၀၀ ထိဈေးမြင့်လာသည်။

ကုလားပဲဖြူလုံးကြီး(V-2) ၅၆.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၁၉၅၀၀၀၊ ယခင်တစ်ပတ်ကျပ် ၁၉၃၀၀၀ ၊ယခင်လကျပ် ၁၈၆၀၀၀မှ ၁၈၇၀၀၀ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ်၂၀၀၀ မြင့်တက်လာပြီး၊ ယခင်လထက်ကျပ် ၈၀၀၀မှ ၉၀၀၀ မြင့်တက်လာသည်။

ကုလားပဲ (ထိုင်ဝမ်) ၅၇.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၁၇၅၀၀၀ မှ ၁၇၇၀၀၀၊ ယခင်တစ်ပတ် ကျပ် ၁၇၀၀၀၀ ၊ယခင်လ ကျပ် ၁၆၇၀၀၀ မှ ၁၆၈၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ် ကျပ် ၅၀၀၀ မှ ၇၀၀၀   ၊ ယခင်လထက် ကျပ် ၈၀၀၀ မှ ၉၀၀၀ မြင့်တက်လာသည်။

ကုလားပဲ(929) ၅၆.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ်၁၈၅၀၀၀မှ ၁၈၇၀၀၀၊ ယခင်တစ်ပတ်ကျပ်၁၇၉၀၀၀မှ ၁၈၀၀၀၀ ၊ယခင်လကျပ် ၁၇၃၀၀၀မှ ၁၇၄၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ်၆၀၀၀မှ ၇၀၀၀၀ ၊ ယခင်လထက်ကျပ် ၁၂၀၀၀ မှ ၁၃၀၀၀ မြင့်တက်လာသည်။

ကုလားပဲဖြူလုံးကြီး(V-7)၅၇.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ်၁၉၅၀၀၀ ၊ ယခင်တစ်ပတ်ကျပ်၁၉၃၀၀၀၊    ယခင်လကျပ် ၁၈၇၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၂၀၀၀၊ ယခင်လထက်ကျပ် ၈၀၀၀မြင့်တက်လာသည်။ ရတနာပုံကုန်သွယ်မှုဗဟိုဌာန

Category: Local News