Local News

မန္တလေးကုန်စည်ဒိုင်တွင် ပဲကြီး ဈေးမြင့်လာ

Last Updated:

ဇန္နဝါရီလဒုတိယပတ်အတွင်း မန္တလေးကုန်စည်ဒိုင်သို့ ပဲကြီးအသစ်များ မန္တလေးအနီးတဝိုက် ပဲစိုက်ပျိုးရာဒေသများမှဝင်ရောက်လျှက်ရှိ ပြီး၊ ပြည်တွင်းလက်ဖက်ပဲကြော်၊ ပဲလှော်ဖိုများမှဝယ်ယူလျှက်ရှိကြောင်း၊ ယခင်လထက်သုံးတင်းတစ်အိတ်လျှင်ကျပ် ၁၀၀၀၀မှ ၄၅၀၀၀ ထိမြင့်တက်လာခဲ့ကြောင်းသိရသည်။   

ပဲကြီး(ကြီး)၅၅.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ်‌ ၂၆၅၀၀၀မှ၂၇၀၀၀၀၊ ယခင်တစ်ပတ်ကျပ် ၂၅၀၀၀၀မှ ၂၅၅၀၀၀ ၊ ယခင်လကျပ် ၂၂၀၀၀၀မှ ၂၃၀၀၀၀ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ်၁၀၀၀၀ မှ ၁၅၀၀၀၊ ယခင်လထက်ကျပ် ၄၀၀၀၀မှ ၄၅၀၀၀ မြင့်တက်လာသည်။

ပဲကြီး(လတ်)၅၅.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၆၀၀၀၀၊ ယခင်တစ်ပတ်ကျပ်၂၃၅၀၀၀မှ၂၄၀၀၀၀ ၊ယခင်လ ကျပ် ၂၁၅၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ကျပ် ၂၀၀၀၀မှ ၂၅၀၀၀   ၊ ယခင်လထက်ကျပ် ၄၅၀၀၀ မြင့်တက်လာသည်။

ပဲကြီး(သေး)၅၅.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ်၂၄၅၀၀၀မှ ၂၅၀၀၀၀၊ ယခင်တစ်ပတ်ကျပ် ၂၂၀၀၀၀မှ ၂၃၀၀၀၀၊ ယခင်လကျပ် ၂၀၀၀၀၀မှ ၂၀၅၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ်၂၀၀၀၀မှ ၂၅၀၀၀ ၊ ယခင်လထက်ကျပ် ၄၅၀၀၀ မြင့်တက်လာသည်။

ရတနာပုံကုန်သွယ်မှုဗဟိုဌာန

 

Category: Local News