Local News

မန္တလေးကုန်စည်ဒိုင်နှမ်းဈေးကွက်ဈေးမြင့်လာ

Last Updated:

မန္တလေးကုန်စည်ဒိုင်သို့ နှမ်းဝင်ရောက်မှုနည်းလာပြီး၊ အရည်သွေးကောင်းသောနှမ်းများကို လှောင်လက်သမားများမှဝယ်ယူနေကြောင်း အဝင်နည်း၍ ဈေးအနည်းငယ်မြင့်တက်လာကြောင်းသိရသည်။

နှမ်းဖြူ(ရိုးရိုး) ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၆၀၀၀၀ မှ ၂၆၆၀၀၀၊ ယခင်တစ်ပတ်ကျပ် ၂၅၅၀၀၀မှ ၂၆၀၀၀၀၊ ယခင်လကျပ်၂၃၅၀၀၀မှ၂၄၀၀၀၀ဖြစ်သည်။ ယခင်တစ်ပတ် ထက်ကျပ်၅၀၀၀မှ ၆၀၀၀မြင့်တက်လာပြီး၊ ယခင်လထက်ကျပ်၂၅၀၀၀ မှ၂၆၀၀၀မြင့်တက်လာသည်။

နှမ်းညို ၄၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၂၀၀၀၀ မှ၂၁၅၀၀၀ ၊ ယခင် တစ်ပတ်ကျပ် ၂၁၀၀၀၀ မှ ၂၀၅၀၀၀၊ ယခင်လကျပ် ၁၈၀၀၀၀ မှ ၂၀၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ် ထက်ကျပ် ၁၀၀၀၀ မြင့်တက်လာပြီး၊ ယခင်လထက်ကျပ် ၁၅၀၀၀ မှ ၄၀၀၀၀ မြင့်တက်လာသည်။

နှမ်းနက်(စမုံ) ၄၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၂၀၀၀၀မှ ၂၆၅၀၀၀ ယခင်တစ်ပတ်ကျပ်၂၂၀၀၀၀မှ ၂၆၅၀၀၀၊ ယခင်လကျပ်၂၂၀၀၀၀မှ ၂၅၀၀၀၀ဖြစ်သည်။ ယခင်တစ်ပတ် အတိုင်းဈေးငြိမ်နေပြီး၊ ယခင်လထက်ကျပ်၁၅၀၀၀ မြင့်တက်လာသည်။

ရတနာပုံကုန်သွယ်မှုဗဟိုဌာန

Category: Local News