Local News

မန္တလေးကုန်စည်ဒိုင်သို့ ပြောင်းဖူးစေ့အသစ်ဝင်ရောက် အရောင်းသွက်၍ဈေးမြင့်လာ

Last Updated:

နိုဝင်ဘာလဒုတိယပတ် မန္တလေးကုန်စည်ဒိုင်သို့ မတ္တရာ၊စဉ့်ကူး၊လားရှိုး၊သီပေါ၊ကျောက်မဲနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ပြောင်းဖူးစေ့အသစ်များ ဝင်ရောက်နေပြီး တရုတ်ဝယ်လက်နှင့် တိရိစ္ဆာန်အစာတောင့်စက်ရုံများမှ ဝယ်ယူနေကြောင်း၊အရောင်းသွက်၍ ဈေးမြင့်လာကြောင်း မန္တလေး ကုန်စည်ဒိုင် မှသိရသည်။

ရှမ်းပြောင်းဖူးစေ့ ၅၄ပိဿာဝင်သုံးတင်းတစ်အိတ်ဈေးနှုန်းများမှာ ယခုတစ်ပတ်ကျပ် ၅၇၅၀၀မှ ၅၈၀၀၀၊ ယခင်တစ်ပတ်ကျပ် ၅၄၀၀၀မှ ၅၅၀၀၀၊ ယခင်လကျပ် ၅၀၀၀၀မှ ၅၁၀၀၀ဖြစ်ခဲ့သည်။ သုံးတင်းတစ်အိတ်လျှင် ယခင်တစ်ပတ်ထက်ကျပ် ၃၀၀၀မှ ၃၅၀၀၊ ယခင်လထက်ကျပ် ၇၀၀၀မှ ၇၅၀၀မြင့်တက်လာသည်။

စီပီပြောင်း ၅၄ပိဿာဝင်သုံးတင်းတစ်အိတ်ဈေးနှုန်းများမှာ ယခုတစ်ပတ်ကျပ် ၅၇၅၀၀မှ ၅၈၀၀၀၊ ယခင်တစ်ပတ်ကျပ် ၅၆၀၀၀မှ ၅၆၅၀၀၊ ယခင်လကျပ် ၅၀၀၀၀မှ ၅၀၅၀၀ဖြစ်သည်။ သုံးတင်းတစ်အိတ်လျှင် ယခင်တစ်ပတ်ထက်ကျပ်၁၅၀၀၊ ယခင်လထက်ကျပ်၇၅၀၀မြင့်တက်လာသည်။

ဗမာပြောင်းဖူးစေ့ ၅၄ပိဿာဝင်သုံးတင်းတစ်အိတ်ဈေးနှုန်းများမှာ ယခုတစ်ပတ်ကျပ် ၅၆၅၀၀မှ ၅၇၀၀၀၊ ယခင်တစ်ပတ်ကျပ် ၅၄၀၀၀မှ၅၅၀၀၀၊ ယခင်လကျပ် ၄၉၀၀၀မှ၅၀၀၀၀ဖြစ်သည်။ သုံးတင်းတစ်အိတ်လျှင် ယခင်တစ်ပတ်ထက်ကျပ် ၂၀၀၀မှ၂၅၀၀၊ ယခင်လထက်ကျပ် ၇၀၀၀မှ ၇၅၀၀မြင့်တက်လာသည်။

Category: Local News