Local News

မုံရွာ ကြက်သွန်နီဈေးမြင့်တက်နေ

Last Updated:

မုံရွာမြို့ရှိ စားဖိုဆောင်သီးနှံဖြစ်သော ကြက်သွန်နီများသည်  ပွဲရုံများသို့ ဝင်ရောက်မှုနည်းလာ၍ ဝယ်လိုအားများလာသဖြင့် ဈေးနှုန်းအမြင့်ပိုင်းသို့ ရောက်ရှိနေပါသည်။ ပွဲရုံများတွင် ကြက်သွန်နီလက်ကျန်နည်းပါးလာပြီး နေ့စဉ်ကြက်သွန်နီဝင်ရောက်မှုမှာ ပိဿာချိန် (၁၈၀၀၀)ခန့်သာ ဝင်ရောက်လျက်ရှိကြောင်းသိရသည်။ ဈေးကွက်အနေဖြင့် ရန်ကုန်၊ မန္တလေးနှင့်ချင်းတွင်းမြစ်ရိုးတစ်လျှောက် တင်ပို့လျှက်ရှိပါသည်။ ကြက်သွန်ဖြူဈေးမှာလည်း အနည်းငယ်မြင့်တက်လျက်ရှိပါသည်။

ယခုတစ်ပတ်အတွင်း ပွဲရုံများတွင် ကြက်သွန်နီလက်ကား တစ်ပိဿာပေါက်ဈေးနှုန်းမှာ (ကြီး) ၃၀၀၀ကျပ်၊ (လတ်) ၂၅၀၀ကျပ်၊ (သေး) ၂၂၀၀ကျပ်ရှိပြီး၊ ကြက်သွန်နီလက်လီ တစ်ပိဿာပေါက်ဈေးနှုန်းမှာ (ကြီး) ၃၅၀၀ကျပ်၊(လတ်) ၂၈၀၀ကျပ်၊ (သေး) ၂၅၀၀ကျပ်ဖြင့် ရောင်းဝယ်လျှက်ရှိပါသည်။ ကြက်သွန်ဖြူ လက်ကား တစ်ပိဿာပေါက်ဈေးနှုန်းမှာ ဗမာဖြူ (၃၅၀၀-၃၉၀၀)ကျပ်၊ ရှမ်းဖြူ (၃၅၀၀-၄၁၀၀)ကျပ်နှင့် ကြူကုတ် (၄၇၀၀)ကျပ် ဈေးရှိကြောင်းသိရပါသည်။ ကြက်သွန်ဖြူလက်လီ တစ်ပိဿာပေါက်ဈေးနှုန်းမှာ ဗမာဖြူ (၄၀၀၀-၄၅၀၀)ကျပ်၊ ရှမ်းဖြူ (၄၀၀၀-၄၆၀၀)ကျပ်နှင့် ကြူကုတ် (၅၀၀၀-၅၅၀၀)ကျပ်ဖြင့်ရောင်းဝယ်လျှက်ရှိကြောင်းသိရှိရပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News