Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဆီထွက်သီးနှံဈေးနှုန်း နှိုင်းယှဉ်ချက်

Last Updated:

နှမ်း(မျိုးစုံ)

နှမ်းမျိုးစုံ ယခုတစ်ပတ်အတွင်း တစ်တင်းလျှင် နှမ်းဖြူ တစ်တင်းလျှင် (၈၀၀၀၀-၉၅၀၀၀)ကျပ်၊ နှမ်းနက် (၈၀၀၀၀မှ၉၅၀၀၀) ကျပ်၊ နှမ်းညို တစ်တင်းလျှင် (၈၂၅၀၀)ကျပ်ရှိပြီး ယခင်တစ်ပတ်အတွင်း ကာလတူအချိန်ပေါက်ဈေးနှုန်းများမှာ တစ်တင်းလျှင် နှမ်းနက် တစ်တင်းလျှင် (၈၀၀၀၀-၉၅၀၀၀) ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၀၀၀၀၀-၉၅၀၀၀)ကျပ်၊ နှမ်းညို တစ်တင်းလျှင် (၈၄၀၀၀) ကျပ် ပေါက်ဈေးရှိပြီး  ယခုတစ်ပတ် တွင်း ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက နှမ်းဖြူ တစ်တင်းလျှင် (၅၀၀၀)ကျပ်နှင့်  နှမ်းညို တစ်တင်းလျှင် (၁၅၀၀)ကျပ် ကျဆင်းလာကြောင်းသိရသည်။

မြေပဲလုံးဆံ

ယခုတစ်ပတ်အတွင်း မြေပဲလုံးဆံပေါက်ဈေးများမှာ လုံးဆံဖြူ တစ်ပိဿာ (၅၃၀၀-၅၆၀၀)ကျပ်၊ ဆီဆံဖြူ တစ်ပိဿာ (၅၁၀၀-၅၂၀၀)ကျပ် ရှိပြီး ယခင်တစ်ပတ်အတွင်းကာလတူအချိန်ပေါက်ဈေးနှုန်းများမှာ လုံးဆံဖြူ တစ်ပိဿာ (၆၂၀၀)ကျပ်၊ ဆီဆံဖြူ တစ်ပိဿာ(၅၄၀၀)ကျပ်ပေါက်ဈေးရှိပါသည်။  ယခင်တစ်ပတ်အတွင်း ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက မြေပဲလုံးဆံဈေးနှုန်းများ ကျဆင်းသွားကြောင်းသိရသည်။ယခုတစ်ပတ် မုံရွာကုန်စည်ဒိုင်၏ ဆီဈေးနှုန်းများမှာ မြေပဲဆီ တစ်ပိဿာ(၉၅၀၀-၁၀၀၀၀)ကျပ်၊ နှမ်းဆီတစ်ပိဿာ(၁၀၀၀၀-၁၁၀၀၀)ကျပ် တို့ဖြစ်ပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News