Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

နှမ်း(မျိုးစုံ)

နှမ်းမျိုးစုံ ယခုတစ်ပတ်အတွင်း တစ်တင်းလျှင် နှမ်းဖြူ (၈၅၀၀၀)ကျပ်၊နှမ်းနက် (၈၇၀၀၀) ကျပ်၊ နှမ်းညို တစ်တင်းလျှင် (၇၅၀၀၀)ကျပ်ရှိပြီး ယခင်တစ်ပတ်အတွင်း ကာလတူအချိန်ပေါက်ဈေးနှုန်းများမှာ တစ်တင်းလျှင် နှမ်းနက် တစ်တင်းလျှင် (၇၀၀၀၀- ၈၃၀၀၀)ကျပ်၊  နှမ်းညို တစ်တင်းလျှင် (၇၁၀၀၀) ကျပ် ပေါက်ဈေးရှိပြီး  ယခုတစ်ပတ်တွင်း ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက နှမ်းနက် တစ်တင်းလျှင် (၄၀၀၀)ကျပ်၊ နှမ်းညို တစ်တင်းလျှင် (၄၀၀၀)ကျပ်ခန့် မြင့်တက်လာကြောင်းသိရပါသည်။

မြေပဲလုံးဆံ

ယခုတစ်ပတ်အတွင်း မြေပဲလုံးဆံပေါက်ဈေးများမှာ လုံးဆံဖြူ တစ်ပိဿာ (၆၄၀၀မှ၆၅၀၀)ကျပ်၊ လုံးဆံနီ တစ်ပိဿာ (၆၄၀၀မှ၆၅၀၀)ကျပ်၊ဆီဆံဖြူ တစ်ပိဿာ (၆၀၀၀)ကျပ်ရှိပြီး ယခင်တစ်ပတ်အတွင်း ကာလတူအချိန်တွင်  လုံးဆံဖြူ တစ်ပိဿာ (၆၃၀၀-၆၄၀၀)ကျပ်၊ လုံးဆံနီ တစ်ပိဿာ (၆၃၀၀-၆၄၀၀)ကျပ်၊ဆီဆံဖြူ တစ်ပိဿာ (၅၆၀၀)ကျပ်ပေါက်ဈေးရှိပါသည်။ ယခင်တစ်ပတ်အတွင်း ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက မြေပဲဆံဈေးနှုန်းများ အနည်းငယ်မြင့်တက်နေကြောင်းသိရပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News