Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ၏ ဇန်နဝါရီလနောက်ဆုံးပတ်နှင့် ယခင်ကာလတူနှိုင်းယှဉ်မှုများ

Last Updated:

နှမ်း(မျိုးစုံ)

နှမ်းမျိုးစုံ ဇန်နဝါရီလနောက်ဆုံးပတ် တစ်တင်းလျှင် နှမ်းဖြူ (၁၀၃၀၀၀)ကျပ်၊ နှမ်းနက် (၁၀၁၀၀၀)ကျပ်၊ နှမ်းညို တစ်တင်းလျှင် (၈၀၀၀၀)ကျပ်ရှိပြီး ယခင်လကုန်ပတ် ကာလတူအချိန်ပေါက်ဈေးနှုန်းများမှာ တစ်တင်းလျှင် နှမ်းဖြူ (၈၆၀၀၀)၊ နှမ်းနက် တစ်တင်းလျှင် (၈၂၀၀၀-၇၀၀၀၀)ကျပ်၊နှမ်းညို တစ်တင်းလျှင် (၇၂၀၀၀)ကျပ် ပေါက်ဈေးရှိ၍ ယခုလနောက်ဆုံးပတ်နှင့် ယခင်လနောက်ဆုံးပတ်နှိုင်းယှဉ်ပါက နှမ်းဈေးနှုန်းများ မြင့်တက်လာကြောင်း သိရသည်။

မြေပဲလုံးဆံ

ယခုလကုန်ပတ်တွင် မြေပဲလုံးဆံပေါက်ဈေးများမှာ လုံးဆံဖြူ တစ်ပိဿာ (၆၁၀၀-၆၃၀၀)ကျပ်၊ မြေပဲလုံးဆံနီ တစ်ပိဿာ (၆၉၀၀-၇၀၀၀)ကျပ်၊ ဆီဆံဖြူ တစ်ပိဿာ (၅၈၀၀)ကျပ်ရှိပြီး ယခင်လကုန်ပတ် ကာလတူအချိန်တွင်  လုံးဆံဖြူ တစ်ပိဿာ (၅၀၅၀-၅၁၅၀)ကျပ်၊ဆီဆံဖြူ တစ်ပိဿာ (၄၈၀၀)ကျပ်ပေါက်ဈေးရှိပါသည်။ယခုလကုန်နှင့် ယခင်လကုန်ကာလတူနှိုင်းယှဉ်ပါက မြေပဲလုံးဆံဈေးနှုန်းများ မြင့်တက်နေကြောင်းသိရသည်။ ယခုလကုန်ပတ် မုံရွာကုန်စည်ဒိုင်တွင် ပဲဆီ တစ်ပိဿာလျှင် (၁၁၅၀၀-၁၂၀၀၀) ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် (၁၀၅၀၀-၁၁၀၀၀)ကျပ်ထိ ပေါက်ဈေးရှိပြီး နှမ်းနှင့်မြေပဲလုံးဆံဈေးများမြင့်တက်လာ၍ ဆီဈေးနှုန်းလည်း မြင့်တက်လာကြောင်းသိရသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာ

Category: Local News