Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ၏ ယခင်တစ်ပတ်နှင့်ယခုတစ်ပတ် နှိုင်းယှဉ်အခြေအနေများ

Last Updated:

နှမ်း(မျိုးစုံ)

နှမ်းမျိုးစုံ ယခုတစ်ပတ် တစ်တင်းလျှင် နှမ်းဖြူ (၉၇၀၀၀)ကျပ်၊နှမ်းနက် (၇၅၀၀၀-၉၀၀၀၀)ကျပ်၊ နှမ်းညို တစ်တင်းလျှင် (၇၄၀၀၀)ကျပ်ရှိပြီး ယခင်တစ်ပတ်ကာလတူအချိန်ပေါက်ဈေးနှုန်းများမှာ တစ်တင်းလျှင် နှမ်းဖြူ (၈၆၅၀၀-၈၇၅၀၀)၊ နှမ်းနက် တစ်တင်းလျှင် (၇၀၀၀၀- ၈၄၀၀၀) ကျပ်၊ နှမ်းညို တစ်တင်းလျှင် (၇၂၀၀၀) ကျပ်ပေါက်ဈေးရှိ၍ ယခုတစ်ပတ်နှင့် ယခင်တစ်ပတ်နှိုင်းယှဉ်ပါက နှမ်းများအဝင်နည်းခြင်း၊ လှောင်လက်များ အဆွဲများခြင်းကြောင့် နှမ်းမျိုးစုံဈေးနှုန်းများ မြင့်တက်လာကြောင်းသိရပါသည်။

မြေပဲလုံးဆံ

ယခုတစ်ပတ် မြေပဲလုံးဆံပေါက်ဈေးများမှာ လုံးဆံဖြူ တစ်ပိဿာ (၅၅၀၀-၅၄၀၀)ကျပ်၊ ဆီဆံဖြူ တစ်ပိဿာ (၅၁၅၀)ကျပ်ရှိပြီး ယခင်တစ်ပတ် ကာလတူ အချိန်တွင်  လုံးဆံဖြူ တစ်ပိဿာ (၅၂၀၀)ကျပ်၊ ဆီဆံဖြူ တစ်ပိဿာ (၄၈၀၀)ကျပ်ပေါက်ဈေးရှိပါသည်။ ယခုတစ်ပတ်နှင့် ယခင်ကာလတူ နှိုင်းယှဉ်ပါက မြေပဲလုံးဆံဖြူ၊ ဆီဆံဖြူ  ဈေးများ အနည်းငယ်မြင့်တက်နေကြောင်း သိရပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာ

Category: Local News