Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ၏ ယခင်လကုန်နှင့်ယခုလကုန် နှိုင်းယှဉ်မှုများ

Last Updated:

နှမ်း(မျိုးစုံ)

နှမ်းမျိုးစုံ ယခုလကုန် တစ်တင်းလျှင် နှမ်းဖြူ (၈၀၀၀၀-၉၀၀၀၀)ကျပ်၊နှမ်းနက် (၈၀၀၀၀-၉၀၀၀၀) ကျပ်၊ နှမ်းညို တစ်တင်းလျှင် (၇၇၀၀၀)ကျပ်ရှိပြီး ယခင်လကုန် ကာလတူအချိန်ပေါက်ဈေးနှုန်းများမှာ တစ်တင်းလျှင် နှမ်းဖြူ (၉၀၀၀၀-၉၅၀၀၀)၊ နှမ်းနက် တစ်တင်းလျှင် (၈၀၀၀၀- ၉၅၀၀၀)ကျပ်၊  နှမ်းညို တစ်တင်းလျှင် (၈၂၀၀၀) ကျပ် ပေါက်ဈေးရှိပြီး  ယခုလကုန်နှင့် ယခင်လကုန်နှိုင်းယှဉ်ပါက မိုးနှမ်းများ စတင်ဝင်ရောက်လာပါသဖြင့် ဈေးများကျဆင်းလာကြောင်းသိရပါသည်။

မြေပဲလုံးဆံ

ယခုလကုန် မြေပဲလုံးဆံပေါက်ဈေးများမှာ လုံးဆံဖြူ တစ်ပိဿာ (၅၁၀၀မှ၅၂၅၀)ကျပ်၊ ဆီဆံဖြူ တစ်ပိဿာ (၄၉၀၀)ကျပ် ရှိပြီး ယခင်လကုန် ကာလတူအချိန်တွင်  လုံးဆံဖြူ တစ်ပိဿာ (၅၃၀၀-၅၄၀၀)ကျပ်၊ ဆီဆံဖြူ တစ်ပိဿာ (၅၁၀၀)ကျပ် ပေါက်ဈေးရှိပါသည်။  ယခုလကုန်နှင့် ယခင်လကုန်နှိုင်းယှဉ်ပါက မြေပဲလုံးဆံပေါက်ဈေးနှုန်းများ ကျဆင်းသွားကြောင်း သိရပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News