Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲမျိုးစုံဈေးနှုန်း နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ပဲစဉ်းငုံ

ပဲစဉ်းငုံသီးနှံ တစ်တင်းပေါက်ဈေးနှုန်းမှာ (၆၁၈၀၀) ကျပ်နှုန်းဖြစ်ပြီး ယခင်တစ်ပတ်အတွင်း ကာလတူ ပေါက်ဈေးနှုန်းမှာ (၆၁၀၀၀) ကျပ်ရှိ၍  ယခုတစ်ပတ်အတွင်း ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက ပဲစဉ်းငုံ တစ်တင်းလျှင် (၈၀၀)ကျပ် မြင့်တက်လာကြောင်းသိရသည်။

ပဲတီစိမ်း

ပဲတီစိမ်းပေါက်ဈေးနှုန်းများမှာ တစ်တင်းလျှင် (ကြီး)  ၄၅၀၀၀  ကျပ်၊ ယခင်တစ်ပတ်အတွင်း ကာလတူအချိန် ပေါက်ဈေးနှုန်းမှာ ပဲတီစိမ်း(ကြီး) တစ်တင်း ၄၅၀၀၀ ကျပ် ရှိပါသည်။ ယခုတစ်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ပဲတီစိမ်းကြီးဈေးငြိမ်နေကြောင်းသိရပါသည်။

မတ်ပဲ

မတ်ပဲပေါက်ဈေးနှုန်းမှာ တစ်တင်းလျှင် (၅၈၅၀၀) ကျပ်၊ ယခင်တစ်ပတ်အတွင်း ကာလတူအချိန် ပေါက်ဈေးနှုန်းမှာ မတ်ပဲ တစ်တင်းလျှင် (၅၉၀၀၀) ကျပ် ရှိပါသည်။ယခုတစ်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက မတ်ပဲ တစ်တင်းလျှင် (၅၀၀)ကျပ် လျော့နည်းလာကြောင်းသိရပါ သည်။

ကုလားပဲ(မျိုးစုံ)

ကုလားပဲမျိုးစုံ တစ်တင်းလျှင် ကုလားပဲဖြူလုံးကြီး (၆၄၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး(၆၄၀၀၀) ကျပ်၊929  (၆၀၀၀၀) ကျပ်ပေါက်ဈေးရှိပြီး ယခင်တစ်ပတ်အတွင်း ကာလတူပေါက် ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး (၆၃၀၀၀) ကျပ်၊ ကုလားပဲဖြူလုံးသေး(၆၃၅၀၀) ကျပ်၊ 929 တစ်တင်း လျှင် (၆၀၅၀၀) ကျပ်ပေါက်ဈေးရှိ၍ ယခုတစ်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် (၁၀၀၀) ကျပ်၊ ကုလားပဲဖြူလုံးသေး တစ်တင်း လျှင် (၁၀၀၀) ကျပ်အသီးသီးမြင့်တက်လာပြီး ၊929  တစ်တင်းလျှင် (၅၀၀) ကျပ် ကျဆင်းသွားကြောင်း သိရပါ သည်။

ပြောင်းဖူးစေ့(CP)၊ ပြောင်းနီ၊ ဆန်ပြောင်းဖြူ

ယခုတစ်ပတ်အတွင်း ပြောင်းဖူးစေ့(စီပီ) တစ်တင်း (၁၈၀၀၀) ကျပ်၊ဆန်ပြောင်းဖြူ တစ်တင်း (၁၈၅၀၀)ကျပ် ပေါက်ဈေးရှိပြီး ယခင်တစ်ပတ်အတွင်း ကာလတူအချိန်တွင် ပြောင်းဖူးစေ့(စီပီ) တစ်တင်း (၁၇၈၀၀) ကျပ်၊  ဆန်ပြောင်းဖြူ တစ်တင်း (၁၈၅၀၀)ကျပ် ရှိ၍ ယခုတစ်ပတ်အတွင်း ကာလတူ အချိန်နှင့်နှိုင်းယှဉ်ပါက ဆန်ပြောင်းဖြူဈေးငြိမ်နေပြီး ပြောင်းဖူးစေ့(စီပီ) တစ်တင်း (၃၀၀) ကျပ် မြင့်တက်လာကြောင်းသိရပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News