ဂျုံ
ယခုတစ်ပတ်အတွင်းမှာ ဂျုံသီးနှံပေါက်ဈေးနှုန်းသည် ဂျုံဖြူသန့် တစ်တင်းလျှင် (၅၁၀၀၀-၅၂၀၀၀) ကျပ်၊ ဂျုံထွက်တိုးတစ်တင်းလျှင် (၄၉၀၀၀) ကျပ် ပေါက်ဈေးရှိပါသည်။ ယခင်တစ်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းမှာ ဂျုံဖြူသန့် တစ်တင်းလျှင် (၄၈၀၀၀-၄၉၀၀၀) ကျပ်၊ဂျုံထွက်တိုး တစ်တင်း (၄၆၅၀၀) ကျပ်ရှိ၍ ယခုတစ်ပတ်အတွင်း ကာလတူပေါက်ဈေးဖြင့် နှိုင်းယှဉ်ပါက ဂျုံဖြူသန့် တစ်တင်းလျှင်(၃၀၀၀)ကျပ်ခန့်နှင့် ဂျုံထွတ်တိုးတစ်တင်းလျှင်(၂၅၀၀)ကျပ်ခန့်ဈေးမြင့်လာကြောင်းသိရပါသည်။
ပဲစဉ်းငုံ
ပဲစဉ်းငုံသီးနှံ တစ်တင်းပေါက်ဈေးနှုန်းမှာ (၆၀၀၀၀) ကျပ်နှုန်းဖြစ်ပြီး ယခင်တစ်ပတ်အတွင်း ကာလတူ ပေါက်ဈေးနှုန်းမှာ (၆၀၀၀၀) ကျပ်ရှိ၍ ယခုတစ်ပတ်အတွင်း ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက ဈေးများ ငြိမ်နေကြောင်းသိရပါသည်။
မတ်ပဲ
မတ်ပဲသီးနှံ တစ်တင်းပေါက်ဈေးနှုန်းမှာ (၆၂၀၀၀)ကျပ်ဖြစ်ပြီး ယခင်တစ်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းမှာ (၆၀၀၀၀) ကျပ်ဖြစ်၍ ယခုတစ်ပတ်အတွင်း ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက မတ်ပဲ တစ်တင်းလျှင် (၂၀၀၀) ကျပ်ခန့် ဈေးမြင့်လာကြောင်းသိရပါသည်။
ပဲတီစိမ်း
ပဲတီစိမ်းပေါက်ဈေးနှုန်းများမှာ တစ်တင်းလျှင် (ကြီး) ၄၈၀၀၀ ကျပ်၊ ယခင်တစ်ပတ်အတွင်း ကာလတူအချိန် ပေါက်ဈေးနှုန်းမှာ ပဲတီစိမ်း(ကြီး) တစ်တင်း ၄၇၀၀၀ ကျပ် ရှိပါသည်။ ယခုတစ်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက တစ်တင်းလျှင် (၁၀၀၀)ကျပ်ခန့် ဈေးတက်လာကြောင်းသိရပါသည်။
ကုလားပဲ(မျိုးစုံ)
ကုလားပဲမျိုးစုံ တစ်တင်းလျှင် ကုလားပဲဖြူလုံးကြီး (၆၇၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၆၇၀၀၀)ကျပ်၊ 929 (၆၂၀၀၀) ကျပ်ပေါက်ဈေးရှိပြီး ယခင်တစ်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး (၅၇၀၀၀) ကျပ်၊ ကုလားပဲဖြူလုံးသေး(၅၈၀၀၀) ကျပ်၊ 929 တစ်တင်းလျှင် (၅၅၀၀၀) ကျပ်ပေါက်ဈေးရှိ၍ ယခုတစ်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ကုလားပဲမျိုးစုံပေါက်ဈေးများမှာ ဈေးမြင့်လာကြောင်းသိရပါသည်။
ပြောင်းဖူးစေ့(CP)၊ ပြောင်းနီ၊ ဆန်ပြောင်းဖြူ
ယခုတစ်ပတ်အတွင်း ပြောင်းဖူးစေ့(စီပီ) တစ်တင်း (၁၆၀၀၀) ကျပ်၊ ပြောင်းနီတစ်တင်း (၁၆၀၀၀)ကျပ်၊ ဆန်ပြောင်းဖြူ တစ်တင်း (၁၆၅၀၀)ကျပ် ပေါက်ဈေးရှိပြီး ယခင်တစ်ပတ်အတွင်း ကာလတူအချိန်တွင် ပြောင်းဖူးစေ့(စီပီ) တစ်တင်း (၁၄၀၀၀) ကျပ်၊ ပြောင်းနီတစ်တင်း (၁၅၅၀၀)ကျပ်၊ ဆန်ပြောင်းဖြူ တစ်တင်း (၁၆၀၀၀)ကျပ် ရှိ၍ ယခုတစ်ပတ်အတွင်း ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက ပြောင်းဖူးစေ့(စီပီ) တစ်တင်းလျှင် (၂၀၀၀)ကျပ်၊ပြောင်းနီတစ်တင်းလျှင် (၁၀၀၀)ကျပ်၊ဆန်ပြောင်းဖြူ တစ်တင်းလျှင် (၅၀၀)ကျပ်ခန့်မြှင့်တက်လာနေကြောင်းသိရပါသည်။
ဇေယျာကုန်သွယ်မှုဗဟိုဌာန