Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ နှိုင်းယှဉ်မှု အခြေအနေ

Last Updated:

ပဲစဉ်းငုံ

ပဲစဉ်းငုံသီးနှံ တစ်တင်းပေါက်ဈေးနှုန်းမှာ (၆၁၀၀၀) ကျပ်နှုန်းဖြစ်ပြီး ယခင်တစ်ပတ်အတွင်း ကာလတူ ပေါက်ဈေးနှုန်းမှာ (၆၀၀၀၀) ကျပ်ရှိ၍  ယခုတစ်ပတ်အတွင်း ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက ပဲစဉ်းငုံ တစ်တင်းလျှင် (၁၀၀၀)ကျပ် မြင့်တက်လာကြောင်းသိရသည်။

ပဲတီစိမ်း

ပဲတီစိမ်းပေါက်ဈေးနှုန်းများမှာ တစ်တင်းလျှင် (ကြီး)  ၄၅၀၀၀  ကျပ်၊ ယခင်တစ်ပတ်အတွင်း ကာလတူအချိန် ပေါက်ဈေးနှုန်းမှာ ပဲတီစိမ်း(ကြီး) တစ်တင်း ၄၆၀၀၀ ကျပ် ရှိပါသည်။ ယခုတစ်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက တစ်တင်းလျှင် (၁၀၀၀)ကျပ်ခန့် ကျဆင်းသွား ကြောင်းသိရပါသည်။

မတ်ပဲ

မတ်ပဲပေါက်ဈေးနှုန်းမှာ တစ်တင်းလျှင် (၅၉၀၀၀) ကျပ်၊ ယခင်တစ်ပတ်အတွင်း ကာလတူအချိန် ပေါက်ဈေးနှုန်းမှာ မတ်ပဲ တစ်တင်းလျှင် (၅၈၅၀၀) ကျပ် ရှိပါသည်။ယခုတစ်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက မတ်ပဲ တစ်တင်းလျှင် (၅၀၀)ကျပ် မြင့်တက်ကြောင်းသိရပါသည်။

ကုလားပဲ(မျိုးစုံ)

ကုလားပဲမျိုးစုံ တစ်တင်းလျှင် ကုလားပဲဖြူလုံးကြီး (၆၃၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး(၆၃၅၀၀) ကျပ်၊929  (၆၀၅၀၀) ကျပ်ပေါက်ဈေးရှိပြီး ယခင်တစ်ပတ်အတွင်း ကာလတူပေါက် ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး (၆၂၀၀၀) ကျပ်၊ ကုလားပဲဖြူလုံးသေး(၆၂၅၀၀) ကျပ်၊ 929 တစ်တင်း လျှင် (၅၉၂၀၀) ကျပ်ပေါက်ဈေးရှိ၍ ယခုတစ်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် (၁၀၀၀) ကျပ်၊ ကုလားပဲဖြူလုံးသေး တစ်တင်း လျှင် (၁၀၀၀) ကျပ်၊ 929  တစ်တင်းလျှင် (၁၃၀၀) ကျပ်နှုန်း အသီးသီးမြင့်တက်လာကြောင်း သိရပါသည်။

ပြောင်းဖူးစေ့(CP)၊ ပြောင်းနီ၊ ဆန်ပြောင်းဖြူ

ယခုတစ်ပတ်အတွင်း ပြောင်းဖူးစေ့(စီပီ) တစ်တင်း (၁၇၈၀၀) ကျပ်၊ဆန်ပြောင်းဖြူ တစ်တင်း (၁၈၅၀၀)ကျပ် ပေါက်ဈေးရှိပြီး ယခင်တစ်ပတ်အတွင်း ကာလတူအချိန်တွင် ပြောင်းဖူးစေ့(စီပီ) တစ်တင်း (၁၇၂၀၀) ကျပ်၊  ဆန်ပြောင်းဖြူ တစ်တင်း (၁၈၅၀၀)ကျပ် ရှိ၍ ယခုတစ်ပတ်အတွင်း ကာလတူ အချိန်နှင့်နှိုင်းယှဉ်ပါက ဆန်ပြောင်းဖြူဈေးငြိမ်နေပြီး ပြောင်းဖူးစေ့(စီပီ) တစ်တင်း (၆၀၀) ကျပ် မြင့်တက်လာကြောင်းသိရပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News