Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဂျုံ

       ယခုတစ်ပတ်အတွင်းမှာ ဂျုံသီးနှံပေါက်ဈေးနှုန်းသည် ဂျုံဖြူသန့် တစ်တင်းလျှင် (၄၈၀၀၀-၄၉၀၀၀) ကျပ်၊ ဂျုံထွက်တိုးတစ်တင်းလျှင် (၄၆၅၀၀) ကျပ် ပေါက်ဈေးရှိပါသည်။ ယခင်တစ်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းမှာ ဂျုံဖြူသန့် တစ်တင်းလျှင် (၄၆၀၀၀-၄၇၀၀၀)ကျပ်၊ဂျုံထွက်တိုး တစ်တင်း (၄၅၅၀၀) ကျပ်ရှိ၍ ယခုတစ်ပတ်အတွင်း ကာလတူပေါက်ဈေးဖြင့် နှိုင်းယှဉ်ပါက ဂျုံဖြူသန့် တစ်တင်းလျှင်(၂၀၀၀)ကျပ်ခန့်နှင့် ဂျုံထွတ်တိုးတစ်တင်းလျှင်(၁၀၀၀)ကျပ်ခန့်ဈေးမြင့်လာကြောင်းသိရပါသည်။

ပဲစဉ်းငုံ

       ပဲစဉ်းငုံသီးနှံ တစ်တင်းပေါက်ဈေးနှုန်းမှာ (၅၉၀၀၀) ကျပ်နှုန်းဖြစ်ပြီး ယခင်တစ်ပတ်အတွင်း ကာလတူ ပေါက်ဈေးနှုန်းမှာ (၄၈၅၀၀) ကျပ်ရှိ၍   ယခုတစ်ပတ်အတွင်း ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက ဈေးများ မြင့်တက်လာကြောင်းသိရပါသည်။

မတ်ပဲ

       မတ်ပဲသီးနှံ တစ်တင်းပေါက်ဈေးနှုန်းမှာ (၅၉၀၀၀)ကျပ်ဖြစ်ပြီး ယခင်တစ်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းမှာ (၅၄၀၀၀) ကျပ်ဖြစ်၍ ယခုတစ်ပတ်အတွင်း ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက မတ်ပဲ တစ်တင်းလျှင် (၄၀၀၀) ကျပ်ခန့် ဈေးမြင့်လာကြောင်းသိရပါသည်။

ပဲတီစိမ်း

       ပဲတီစိမ်းပေါက်ဈေးနှုန်းများမှာ တစ်တင်းလျှင် (ကြီး)  ၄၇၀၀၀  ကျပ်၊ ယခင်တစ်ပတ်အတွင်း ကာလတူအချိန် ပေါက်ဈေးနှုန်းမှာ ပဲတီစိမ်း(ကြီး) တစ်တင်း ၄၄၀၀၀ ကျပ် ရှိပါသည်။ ယခုတစ်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက တစ်တင်းလျှင် (၃၀၀၀)ကျပ်ခန့် ဈေးတက်လာကြောင်းသိရပါသည်။

ကုလားပဲ(မျိုးစုံ)

       ကုလားပဲမျိုးစုံ တစ်တင်းလျှင် ကုလားပဲဖြူလုံးကြီး (၅၆၅၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၅၇၅၀၀)ကျပ်၊ 929  (၅၄၀၀၀) ကျပ်ပေါက်ဈေးရှိပြီး ယခင်တစ်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး (၅၄၅၀၀) ကျပ်၊ ကုလားပဲဖြူလုံးသေး(၅၅၀၀၀) ကျပ်၊ 929 တစ်တင်းလျှင် (၅၀၅၀၀) ကျပ်ပေါက်ဈေးရှိ၍ ယခုတစ်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက  ကုလားပဲမျိုးစုံပေါက်ဈေးများမှာ  ဈေးမြင့်လာကြောင်းသိရပါသည်။

နှမ်း(မျိုးစုံ)

     နှမ်းမျိုးစုံ ယခုတစ်ပတ်အတွင်း တစ်တင်းလျှင် နှမ်းဖြူ (၆၅၀၀၀မှ၇၀၀၀၀) ကျပ်၊ နှမ်းညို တစ်တင်းလျှင် (၆၁၀၀၀မှ၆၃၀၀၀)ကျပ်ရှိပြီး ယခင်တစ်ပတ်အတွင်း ကာလတူအချိန်ပေါက်ဈေးနှုန်းများမှာ တစ်တင်းလျှင် နှမ်းဖြူ(၆၀၀၀၀မှ၆၅၀၀၀) ကျပ်၊  နှမ်းညို တစ်တင်းလျှင် (၆၁၀၀၀မှ ၆၂၀၀၀) ကျပ် ပေါက်ဈေးရှိပြီး  ယခုတစ်ပတ်တွင်း ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက နှမ်းညိုပေါက်ဈေးမှာ တစ်တင်းလျှင် (၁၀၀၀)ကျပ်ခန့် ၊နှမ်းဖြူပေါက်ဈေးမှာ တစ်တင်းလျှင် (၅၀၀၀)ကျပ် မြင့်တက်လာကြောင်းသိရပါသည်။

ပြောင်းဖူးစေ့(CP)၊ ပြောင်းနီ၊ ဆန်ပြောင်းဖြူ

      ယခုတစ်ပတ်အတွင်း ပြောင်းဖူးစေ့(စီပီ) တစ်တင်း (၁၃၈၀၀) ကျပ်၊ ပြောင်းနီတစ်တင်း (၁၅၀၀၀)ကျပ်၊ ဆန်ပြောင်းဖြူ တစ်တင်း (၁၅၅၀၀)ကျပ် ပေါက်ဈေးရှိပြီး ယခင်တစ်ပတ်အတွင်း ကာလတူအချိန်တွင် ပြောင်းဖူးစေ့(စီပီ) တစ်တင်း (၁၃၅၀၀) ကျပ်၊ ပြောင်းနီတစ်တင်း (၁၄၀၀၀)ကျပ်၊ ဆန်ပြောင်းဖြူ တစ်တင်း (၁၄၀၀၀)ကျပ် ရှိ၍ ယခုတစ်ပတ်အတွင်း ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက ပြောင်းဖူးစေ့(စီပီ) တစ်တင်းလျှင် (၂၀၀)ကျပ်၊ပြောင်းနီတစ်တင်းလျှင် (၁၀၀၀)ကျပ်၊ဆန်ပြောင်းဖြူ တစ်တင်းလျှင် (၁၅၀၀)ကျပ်ခန့်မြှင့်တက်လာနေကြောင်းသိရပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News