Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ၏ ယခင်လကုန်နှင့်ယခုလကုန် နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ပဲကြီး

ယခုလကုန် ပဲကြီးပေါက်ဈေးနှုန်းသည် ပဲကြီး တစ်တင်းလျှင် (၇၈၀၀၀-၈၀၀၀၀) ကျပ်နှုန်းဖြစ်ပြီး ယခင်လကုန် ကာလတူပေါက်ဈေးနှုန်းမှာ ပဲကြီး တစ်တင်းလျှင် (၇၇၀၀၀-၇၈၀၀၀) ကျပ်ရှိ၍ ယခုလကုန် ကာလတူပေါက်ဈေးဖြင့် နှိုင်းယှဉ်ပါက ပဲကြီး တစ်တင်းလျှင်(၂၀၀၀)ကျပ်ခန့် မြင့်လာ ကြောင်းသိရပါသည်။

ပဲစဉ်းငုံ

ပဲစဉ်းငုံသီးနှံ တစ်တင်းပေါက်ဈေးနှုန်းမှာ (၆၁၅၀၀) ကျပ်နှုန်းဖြစ်ပြီး ယခင်လကုန်ကာလတူ ပေါက်ဈေးနှုန်းမှာ (၆၅၀၀၀) ကျပ်ရှိ၍   ယခုလကုန်   ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက (၃၅၀၀) ကျပ် ကျဆင်းလာကြောင်းသိရပါသည်။

မတ်ပဲ

မတ်ပဲသီးနှံ တစ်တင်းပေါက်ဈေးနှုန်းမှာ (၅၈၅၀၀) ကျပ်နှုန်းဖြစ်ပြီး ယခင်လကုန်ကာလတူ ပေါက်ဈေးနှုန်းမှာ (၆၃၀၀၀) ကျပ်ရှိ၍   ယခုလကုန်   ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက (၄၅၀၀) ကျပ် ကျဆင်းလာကြောင်းသိရပါသည်။

ပဲတီစိမ်း

ပဲတီစိမ်းပေါက်ဈေးနှုန်းများမှာ တစ်တင်းလျှင် (ကြီး)  ၄၅၀၀၀  ကျပ်၊ ယခင်လကုန် ကာလတူအချိန် ပေါက်ဈေးနှုန်းမှာ ပဲတီစိမ်း(ကြီး) တစ်တင်း ၄၈၀၀၀ ကျပ် ရှိပါသည်။ ယခုလကုန် ကာလတူပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက တစ်တင်းလျှင် (၃၀၀၀)ကျပ်ခန့် ကျဆင်းကြောင်းသိရပါသည်။

ကုလားပဲ(မျိုးစုံ)

ကုလားပဲမျိုးစုံ တစ်တင်းလျှင် ကုလားပဲဖြူလုံးကြီး (၆၃၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၆၃၅၀၀)ကျပ်၊ 929  (၅၉၅၀၀) ကျပ်ပေါက်ဈေးရှိပြီး ယခင်လကုန် ကာလတူပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး (၅၉၀၀၀) ကျပ်၊ ကုလားပဲဖြူလုံးသေး(၅၉၀၀၀) ကျပ်၊ 929 တစ်တင်းလျှင် (၅၆၅၀၀) ကျပ်ပေါက်ဈေးရှိ၍ ယခုလကုန် ကာလတူပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ကုလားပဲ(မျိုးစုံ) ဈေးနှုန်းများ မြင့်တက်လာကြောင်းသိရပါ သည်။

ပြောင်းဖူးစေ့(CP)၊  ဆန်ပြောင်းဖြူ

ယခုလကုန် ပြောင်းဖူးစေ့(စီပီ) တစ်တင်း (၁၈၀၀၀) ကျပ်၊ ဆန်ပြောင်းဖြူ တစ်တင်း (၁၈၅၀၀)ကျပ် ပေါက်ဈေးရှိပြီး ယခင်လကုန် ကာလတူအချိန် တွင် ပြောင်းဖူးစေ့(စီပီ) တစ်တင်း (၁၇၈၀၀) ကျပ်၊  ဆန်ပြောင်းဖြူ တစ်တင်း (၁၈၅၀၀)ကျပ် ရှိ၍ ယခုလကုန် ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက ဆန်ပြောင်းဖြူ ဈေးငြိမ်နေပြီး ၊ပြောင်းဖူးစေ့(စီပီ) ဈေးနှုန်းမြင့်တက်လာ ရခြင်းမှာ ဒေသတွင်း မွေးမြူရေးလုပ်ငန်းများမှ အဝယ်လိုက်လာခြင်း ကြောင့်ဖြစ်ပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News