Local News

မြစ်ကြီးနားမြို့၏ ဆန်ဈေးကွက် အခြေအနေ

Last Updated:

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်ရှိဈေးနှုန်းများတွင် ဈေးကွက်လိုအပ်ချက်အရ ဝင်ရောက်လာသည့် အောက်ပိုင်း(အမာ)ဆန်များသည် စားသုံးသူများ၏လိုအပ်ချက်အရ အရောင်းအဝယ်လိုက်လျှက်ရှိကြောင်းသိရှိရပါသည်။

မြစ်ကြီးနားမြို့သည် ကချင်ပြည်နယ်၏ မြို့တော်ဖြစ်သည်နှင့်အညီ ဝန်ထမ်းများ၊ ကုန်သည်လုပ်ငန်းရှင်များ အများစုရှိခြင်း တိုင်းဒေသကြီး/ပြည်နယ်အများစုမှ ကချင်ပြည်နယ်သို့ စီးပွားရှာခြင်း၊ ကျောက်စိမ်းရတနာတူးဖော်ခြင်း လာကြသူများ များပြားခြင်းတို့ကြောင့် ဆန်အမာစားသုံးသူများပြားလာပါသည်။ ဆန်စပါးအထွက်များသည့် စစ်ကိုင်း၊ ပဲခူး၊ ဧရာဝတီတိုင်းဒေသကြီးများမှထွက်ရှိသည့် ပေါ်ဆန်းမွှေး၊ ဧရာပဒေသာ၊ မနောသုခ(ရွှေငါး)၊ ရွှေသွယ်စသည့် ဆန်အမာများကို စားသုံးသူများ၏လိုအပ်ချက်အရ ဆန်ဈေးကွက်ရှိသည့် မြစ်ကြီးနားသို့ ပြည်တွင်းကုန်သွယ်မှုများပြုလုပ်လျှက်ရှိပါသည်။

လက်ရှိဆန်ဈေးနှုန်းများအနေဖြင့် ရွှေဘိုပေါ်ဆန်းမွှေး ဆန်တစ်အိတ်လျှင် ၅၆၀၀၀ ကျပ်၊ ၅၈၀၀၀ ကျပ်၊ ၆၀၀၀၀ ကျပ် စသည်ဖြင့် ဆန်စ အပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုရှိပြီး ဧရာပဒေသာ ဆန်တစ်အိတ်မှာ ၄၂၀၀၀ ကျပ်နှင့် မနောသုခ (ရွှေငါး) ဆန်တစ်အိတ်လျှင် ၄၀၀၀၀ ကျပ် ဈေးစသည်ဖြင့် ဆန်အမျိုးအစားအလိုက် ဈေးနှုန်းကွာခြားမှုများရှိကြောင်းသိရှိရပါသည်။

စားသုံးသူများ၏ ဈေးကွက်လိုအပ်ချက်အရ မည်သည့်ကုန်ပစ္စည်းများမဆို ဈေးကွက်ရှိသောဒေသများသို့ ပြည်နယ်/တိုင်းဒေသကြီးများ အပြန်အလှန် ကုန်သွယ်မှုများပြုလုပ်လျှက်ရှိကြောင်းသိရှိရပါသည်။

 

မနောမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News