Local News

မြစ်ကြီးနားမြို့၏ ဒူးရင်းသီးဈေးကွက်အခြေအနေ

Last Updated:

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၏ ဈေးကွက်များတွင်  ဈေးကွက်ကျယ်ကျယ်ပြန့်ပြန့်ဝင်ရောက်လာသည့် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးများမှ ဒူးရင်းသီးများ အဝယ်လိုက်ပြီးရောင်းအားကောင်းကြောင်းသိရှိရပါသည်။

ကချင်ပြည်နယ်တွင် လွန်ခဲ့သည့်  ၁၅ နှစ်ခန့်က ဒူးရင်းသီးများကို စားသုံးသူများ၏ လိုအပ်ချက်ရှိခဲ့သော်လည်း တစ်ခါတစ်ရံ ရန်ကုန်ဘက်သို့ ခရီးသွား၍ ပြန်လာမှသာ ပါလာတတ်သဖြင့် အထူးအဆန်း စားသုံးကြရသည်။ ယခုအခါ လမ်းပန်းဆက်သွယ်ရေးနှင့် သတင်းအချက်အလက်တို့ ကောင်းမွန်လာမှုကြောင့် မြန်မာနိုင်ငံ အရှေ့နှင့်အနောက်၊ တောင်နှင့်မြောက် ပြည်တွင်းကုန်သွယ်မှုများကို ဈေးကွက်လိုအပ်မှုအရ လျှင်မြန်စွာပြုလုပ်၍ ရလာသည်ကို သိရှိလာကြရာ စိုက်ပျိုးရောင်းချသူများက စားသုံးသူများ၏ ဈေးကွက်လိုအပ်ချက်ကို သိရှိလာကြသဖြင့် ဧကတိုးချဲ့စိုက်ပျိုးလာကြပါသည်။ ယင်းကဲ့သို့ စိုက်ပျိုးရေးကို ရင်းနှီးမြှုပ်နှံသူများရှိလာသဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိစေခြင်း၊ စားသုံးသူများ၏ လိုအင်ဆန္ဒကိုအနီးစပ်ဆုံး ဖြည့်ဆည်းပေးပို့ရာ ရောက်စေခြင်းနှင့် ဝယ်ရောင်းကုန်သည်များလည်း အလုပ်နှင့် ဝင်ငွေရရှိစေပါသည်။

ပဲခူးမြို့မှ ဒူးရင်းသီးဝယ်ရောင်း လာရောက်လုပ်ကိုင်သူ ကိုမိုးကျော်၏ ပြောပြချက်အရ ဒူးရင်းသီးအရွယ်အစားပေါ်မူတည်ပြီး ၇၀၀၀ ကျပ် ဖြင့်ဝယ်ရသည့် အသီးအား ၁၀၀၀၀ ကျပ်ဖြင့် ရောင်းချနေကြောင်း အချို့အသီးများမှာလည်း ပုတ်၍ စွန့်ပြစ်ရသည်များလည်း ရှိကြောင်းသိရှိရပြီး သုံးဘီးဆိုင်ကယ်ဖြင့် မြစ်ကြီးနားမြို့ပေါ်တွင် လှည့်ပတ်၍ ရောင်းချနေသည်ကို သိရှိရပါသည်။

 

မနောမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News