Local News

ဝင်သလောက် အရောင်းသွက်နေတဲ့ မုံရွာမြေပဲဆံ

Last Updated:

မုံရွာကုန်စည်ဒိုင် မြေပဲဆန်ဈေးကွက်တွင် လုံးဆန်ဖြူ/နီ နှစ်မျိုးစလုံးဈေးနှုန်းပြောင်းလဲခဲ့ပြီး ကာလတူ ယခင်လထက်ပို၍ မြင့်တက်ခဲ့ပါသည်။ မြေပဲဆန်များ ယခင်လထက်မြင့်တက်ရခြင်းမှာ ဒေသတွင်း ပဲကြော်ဖိုသမားများ၊ လှောင်လက်သမားများကလည်း ဝင်သလောက်အဝယ်လိုက်နေခြင်း၊ ဒေသတွင်း တစ်ပိုင်တစ်နိုင် ဆုံဆီကြိတ်သမားများကလည်း ဝယ်ယူနေသောသောကြောင့် ဈေးနှုန်းများ ယင်ခင်ကာလတူထက် ပို၍ဈေးမြင့်ခဲ့ပါသည်။ဈေးနှုန်းများမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာလျှင် ၄၃၀၀မှ ၄၃၅၀ ကျပ်ရှိပြီး၊မြေပဲလုံးဆံနီ တစ်ပိဿာလျှင် ၄၂၅၀ကျပ် ထိရှိနေပြီး ဝင်သလောက် အရောင်းအဝယ်ဖြစ်နေပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News