Local News

ဧရာဝတီဆန်ဈေးစပါးဈေး

Last Updated:

အခြေခံစပါးဈေးနှုန်း တင်း ၁၀၀ လျှင် ကျပ် ၆၃၀၀၀၀ သတ်မှတ်ခဲ့ပြီးနောက် ဧရာဝတီတိုင်း ဒေသကြီးရှိ စပါးဈေးနှုန်းများလက်ရှိပေါက်ဈေးမှာ ကောက်ချောစပါး တင်း ၁၀၀ လျှင် ကျပ် ၁၆၇၅၀၀ နှင့် ကောက်ကြမ်းစပါး တင်း ၁၀၀ ဈေးနှုန်းများမှာ ဧရာပဒေသာ - ၁၄၃၀၀၀ ကျပ်၊ နှံကားထွန်း- ၁၃၅၀၀၀ ကျပ်၊ လိပ်မလေး- ၁၃၂၀၀၀ ကျပ်၊ သုခအသစ်- ၁၃၄၀၀၀ ကျပ်၊ နှံကား- ၁၂၈၀၀၀ ကျပ် အသီးသီးဖြစ်ပြီး ဆန်ဈေးနှုန်းများမှာ ပေါ်ဆန်းယဉ် တစ်အိတ်လျှင် ၅၅၀၀၀ ကျပ် ၊ မနောသုခ တစ်အိတ်လျှင် ၄၂၀၀၀ ကျပ် အသီးသီးဖြစ်ပါသည်။

ယခင်ရက်များနှင့်နှိုင်းယှဉ်လျှင် ဆန်ဈေးစပါးဈေး အနည်းငယ်ကျဆင်းကြောင်းနှင့် ရန်ကုန် သို့ တင်ပို့ရောင်းချရမှု နည်းသွားခြင်းကြောင့် ဈေးကျဆင်းခြင်းဖြစ်ကြောင်း ၊ ရွှေသွယ်မျိုးမှာ ဇန်နဝါရီ၊ ဖေဖော်ဝါရီလများအတွင်းမှ စပါးသစ်ပေါ်မည်ဖြစ်ပြီး ထိုကာလမှသာလျှင် အရောင်း အဝယ်ဖြစ်ကြကြောင်း ဆန်ကုန်သည်တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

Category: Local News