Local News

ဩဂုတ်လပထမပတ်အတွင်းမန္တလေးကုန်စဉ်ဒိုင်၏ ဆီထွက်သီးနှံဈေးနှုန်းနှိုင်းယှဉ်ချက်

Last Updated:

မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင် တရုတ်လက်အဝယ်မရှိ၍ နှမ်းနက်ဈေးကျလာပြီး၊ ပြည်တွင်းလုပ်ငန်း သုံးများသည့် နှမ်းဖြူ၊နှမ်းညိုဈေးမြင့်တက်လာသည်။

နှမ်းဖြူ(ဂျပန်)၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ် ၂၂၀၀၀၀မှ ၂၄၀၀၀၀၊ ယခင်တစ်ပတ်ကျပ်၂၂၅၀၀၀မှ ၂၃၀၀၀၀၊ ယခင်လကျပ်၂၂၅၀၀၀မှ ၂၅၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်၊ ယခင်လ ထက်ကျပ် ၅၀၀၀မှ ၁၀၀၀၀ မြင့်တက်လာသည်။

နှမ်းဖြူ(ရိုးရိုး)၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင်ယခုတစ်ပတ်ကျပ်၂၀၀၀၀၀မှ၂၂၀၀၀၀၊ ယခင်တစ်ပတ် ကျပ်၂၀၀၀၀၀မှ ၂၀၅၀၀၀၊ ယခင်လကျပ်၂၀၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ယခင်လထက်ကျပ် ၁၅၀၀၀ မြင့်တက်လာသည်။

နှမ်းညို ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၁၈၅၀၀၀မှ၁၉၀၀၀၀၊ ယခင်တစ်ပတ်ကျပ် ၁၈၇၀၀၀မှ ၁၉၀၀၀၀၊ ယခင်လကျပ် ၁၇၃၀၀၀မှ ၁၇၇၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၂၀၀၀၊ ယခင်လထက်ကျပ် ၁၂၀၀၀မှ ၁၃၀၀၀ မြင့်တက်လာသည်။

နှမ်းနက်(စမုံ) ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ်၂၁၀၀၀၀မှ ၂၅၀၀၀၀၊ ယခင် တစ်ပတ်ကျပ် ၁၉၅၀၀၀မှ ၂၃၅၀၀၀၊ ယခင်လကျပ် ၂၁၅၀၀၀မှ ၂၅၅၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ်၁၅၀၀၀၊ ယခင်လထက်ကျပ် ၅၀၀၀မြင့်တက်လာသည်။

မြေပဲဆံမှာ မန္တလေးကုန်စည်ဒိုင်သို့ မကွေး၊ နတ်မောက်နှင့် ကျောက်ပန်းတောင်းဘက်မှ အသစ်အနည်း ငယ်ဝင်ရောက်လျှက်ရှိပြီး ဈေးကွက်လက်ကျန်နည်းခြင်းကြောင့် ဈေးများမြင့်တက်နေသည်။ လာမည့် ရက်သတ္တပတ်၂ပတ်၊၁လခန့်တွင် ဒေသစုံမှ မြေပဲထွက်ရှိမည်ဖြစ်ကြောင်း၊ မန္တလေးဆီစက်များအပြင်နီးစပ်ရာမြို့များရှိ ဆီစက်များကလည်း မန္တလေးဈေးကွက်မှ မြေပဲဆံများကိုဝယ်ယူမှုရှိနေကြောင်းသိရသည်။

မြေပဲလုံးဆံ(ဖြူ) တစ်ပိဿာဈေးမှာယခုတစ်ပတ်တွင်ကျပ် ၆၂၀၀မှ ၆၃၅၀၊ ယခင်တစ်ပတ်ကျပ်၅၀၀၀မှ ၆၁၀၀၊ ယခင်လကျပ်၄၆၀၀မှ ၄၇၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ်၂၅၀မှ ၁၂၀၀၊ ယခင်လထက်ကျပ် ၁၆၀၀မှ၁၆၅၀မြင့်တက်လာသည်။

မြေပဲ(ဆီဆံ) တစ်ပိဿာဈေးမှာ ယခုတစ်ပတ်တွင်ကျပ် ၅၇၅၀မှ ၆၁၀၀၊ ယခင်တစ်ပတ်ကျပ် ၅၅၀၀မှ ၅၇၀၀၊ ယခင်လကျပ် ၄၆၀၀မှ ၄၆၅၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ်၂၅၀မှ ၄၀၀၊ ယခင်လထက်ကျပ် ၁၁၅၀မှ ၁၄၅၀ မြင့်တက်လာသည်။

ရတနာပုံကုန်သွယ်မှုဗဟိုဌာန

Category: Local News