Local News

ဩဂုတ်လပထမပတ်အတွင်းမန္တလေးကုန်စဉ်ဒိုင်၏ ပဲမျိုးစုံဈေးနှုန်းနှိုင်းယှဉ်ချက်

Last Updated:

ကုလားပဲထွက်ချိန်လိုနေသေး၍ မန္တလေးကုန်စည်ဒိုင်သို့ ကုလားပဲအဝင်မရှိပဲ လက်ကျန်ပဲများကိုသာ ရောင်းဝယ်နေပြီးဈေးမြင့်လာသည်။ ပြည်ပတင်ပို့မှုမရှိပဲ ပြည်တွင်းလုပ်ငန်းသုံးနှင့် ပဲခွဲစက်များမှ ဝယ်ယူမှု ရှိကြောင်းသိရသည်။

ကုလားပဲ (V-2) ၅၇.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ်၁၆၇၀၀၀မှ ၁၆၈၀၀၀၊ ယခင်တစ်ပတ်ကျပ်၁၆၀၀၀၀မှ ၁၆၁၀၀၀၊ ယခင်လကျပ်၁၅၄၀၀၀မှ ၁၅၅၀၀၀ဖြစ်သည်။ ယခင်တစ်ပတ် ထက်ကျပ် ၇၀၀၀၊ ယခင်လထက်ကျပ် ၁၃၀၀၀ မြင့်တက်လာသည်။

ကုလားပဲ(V-7)၅၇.၂၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ် ၁၇၂၀၀၀၊ ယခင်တစ်ပတ် ကျပ်၁၆၄၀၀၀မှ ၁၆၅၀၀၀၊ ယခင်လကျပ်၁၅၆၀၀မှ ၁၅၇၀၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၇၀၀၀မှ ၈၀၀၀၊ ယခင်လထက်ကျပ် ၁၅၀၀၀မှ ၁၅၅၀၀  ဈေးမြင့်လာသည်။

ကုလားပဲ(ထိုင်ဝမ်) ၅၆.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ် ၁၅၂၀၀၀မှ ၁၅၃၀၀၀၊ ယခင်လကျပ် ၁၄၅၀၀၀မှ ၁၄၆၀၀၀၊ ယခင်လကျပ် ၁၄၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၇၀၀၀၊ ယခင်လထက် ကျပ် ၁၂၀၀၀မှ ၁၃၀၀၀ မြင့်တက်လာသည်။

ကုလားပဲ(929) ၅၆.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၁၅၇၀၀၀မှ ၁၅၈၀၀၀၊ ယခင်တစ်ပတ်ကျပ် ၁၅၀၀၀၀မှ ၁၅၁၀၀၀၊ ယခင်လကျပ် ၁၄၇၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၇၀၀၀၊ ယခင်လထက်ကျပ် ၁၀၀၀၀မှ ၁၁၀၀၀ မြင့်တက်လာသည်။

ပဲတီစိမ်း(အညာ) ကို တရုတ်ဈေးကွက် အဝယ်အေး၍ ဈေးနိမ့်ကျလာသည်။ 

၅၆.၂၅ပိဿာဝင်သုံးတင်းဝင်တစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ်၁၃၀၀၀၀မှ ၁၄၅၀၀၀၊ ယခင်တစ်ပတ် ကျပ် ၁၂၀၀၀၀မှ ၁၃၉၀၀၀၊ ယခင်လကျပ် ၁၁၅၀၀၀မှ ၁၄၉၀၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၁၀၀၀မှ ၆၀၀၀ဈေးမြင့်တက်ပြီး၊ ယခင်လထက်ကျပ် ၄၀၀၀မှ ၁၅၀၀၀ နိမ့်ကျလာသည်။

မြေထောက်ပဲမှာ လက်ကျန်နည်းနေပြီး လှောင်လက်ပဲကိုသာ ပုံမှန်အရောင်းအဝယ်ရှိနေသည်။ ယူနန်  ပြည်နယ်မှ အနည်းငယ်ဝယ်ယူမှုရှိကြောင်းသိရသည်။

၅၄ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ် ၁၈၅၀၀၀မှ ၂၁၀၀၀၀၊ ယခင်တစ်ပတ်ကျပ် ၁၇၀၀၀၀မှ ၁၈၅၀၀၀၊ ယခင်လကျပ်၁၆၃၀၀၀မှ ၁၆၅၀၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၁၅၀၀၀မှ ၂၅၀၀၀၊ ယခင်လထက် ကျပ် ၂၀၀၀၀မှ ၄၅၀၀၀ မြင့်တက်လာသည်။

 

မတ်ပဲ မှာ သီးနှံအသစ်ဝင်ရောက်မှုမရှိပဲ လှောင်လက်ပဲများသာ အရောင်းအဝယ်ဖြစ်နေသည်။

၆၀ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင်ကျပ် ၁၇၂၀၀၀မှ ၁၇၅၀၀၀၊ ယခင်တစ်ပတ်ကျပ် ၁၆၀၀၀၀မှ ၁၆၂၀၀၀၊ ယခင်လကျပ် ၁၅၉၀၀၀မှ ၁၆၀၀၀၀ ဖြစ်သည်။ ယခင်တစ်ပတ်ထက်ကျပ် ၁၂၀၀၀မှ ၁၃၀၀၀၊ ယခင်လထက်ကျပ် ၁၃၀၀၀မှ ၁၅၀၀၀ မြင့်တက်လာသည်။

ရတနာပုံကုန်သွယ်မှုဗဟိုဌာန

Category: Local News