Local News

၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ခင်းကျင်းပြသလျှက်ရှိ

Last Updated:

၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်ရှိ တပေါင်းကွင်းတွင် ဝန်ကြီးဌာနများ၊ တိုင်ဒေသကြီးများနှင့် ပြည်နယ်များမှပြခန်းများ ခင်ကျင်းပြသလျှက်ရှိရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှလည်း ဝန်ကြီးဌာနကိုယ်စားပြုပြခန်းကို ခင်းကျင်းပြသလျှက်ရှိပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကိုယ်စားပြုပြခန်းတွင်

  • ခေတ်အဆက်ဆက်တာဝန်ထမ်းဆောင်ခဲ့ကြသော ဝန်ကြီး၊ ဒုတိယဝန်ကြီးများ၏ဓါတ်ပုံများ
  • အားကစားနှင့် အခြားကဏ္ဍများတွင်ထူးချွန်ဆုရရှိခဲ့သော ဝန်ထမ်းများ၏ ဓါတ်ပုံများ
  • ဝန်ကြီးဌာန၏ သမိုင်းဆိုင်ရာအချက်အလက်များနှင့် ဓါတ်ပုံမှတ်တမ်းအထောက်အထားများ
  • ပြည်ပပို့ကုန်ပစ္စည်းများကို ထုတ်ပိုးမှုပုံစံအတိုင်း ကဏ္ဍအလိုက်ခင်းကျင်းပြသထားမှုများ
  • ကုန်သွယ်ရေးဦးစီးဌာနမှOnline မှ ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထားမှုကို Video နှင့် လက်တွေ့ပြသမှုများ
  • မူပိုင်ခွင့်ဦးစီးဌာနမှ ပညာပေးအစီအစဉ်များနှင့် လှုပ်ရှားမှုများကို Video ဖြင့်တင်ပြထားမှု
  • စားသုံးသူရေးရာဦးစီးဌာနမှ ပညာပေးအစီအစဉ်များနှင့် လှုပ်ရှားမှုများကို Video ဖြင့်တင်ပြထားမှု
  • မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ Myantrade Website တွင် ပို့ကုန်လုပ်ငန်းဆောင်ရွက်သူများနှင့် ပြည်ပမှ Buyer များ ချိတ်ဆက်ဆောက်ရွက်နိုင်ရန် သိရှိသင့်သည့် အချက်အလက်များကို Video ဖြင့် တင်ပြထားမှု
  • မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ အထူးစီးပွားရေးဇုံများဆိုင်ရာများကို Video ဖြင့် တင်ပြထားမှု
  • မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ လှုပ်ရှားမှုများကို Video ဖြင့် တင်ပြထားမှု

များကို လေ့လာနိုင်မှာဖြစ်ပါတယ်..

သမိုင်းဆိုင်ရာ ရှားရှားပါးပါး အထောက်အထားများနှင့် လက်ရှိဆောင်ရွက်နေမှုများကို စိတ်ဝင်စားဖွယ် ခင်ကျင်းပြသထားခြင်းဖြစ်ပါ၍ လေ့လာလိုသူများအနေဖြင့် ဇန်နဝါရီလ ၅ ရက်နေ့မှစတင်၍ နေပြည်တော် တပေါင်းကွင်းတွင် လာရောက်လေ့လာကြည့်ရှုနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျား…။

Category: Local News