Local News

“ပြည်ပပို့ကုန် ‌ဈေးကွက်အလားအလာရှိသော ထန်း၊ မန်ကျည်းနှင့် ဆီးသီး” ရှင်းလင်းတင်ပြခြင်း ဆွေးနွေးပွဲပြုလုပ်ခြင်း

Last Updated:

     “ပြည်ပပို့ကုန် ဈေးကွက်အလားအလာရှိသော ထန်း၊ မန်ကျည်းနှင့် ဆီးသီး” ရှင်းလင်း တင်ပြခြင်းဆွေးနွေးပွဲကို ၁၄-၅-၂၀၂၄ ရက်နေ့၊ (၁၃:၃၀)နာရီအချိန်တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ရုံးအမှတ် (၃)၊ အစည်းအဝေး ခန်းမ၌(Virtual System)ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ တိုင်း ဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံး၊ တာဝန်ခံများ စုစုပေါင်း(၂၉)ဦး တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် မြန်မာကုန် သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ‌ဒေါ်နော်မူတာကပေါက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊  မန္တလေးမြို့၊ မှ ဒေါ်ချောစုဝင်း၊ ဦးစီးအရာရှိနှင့် ဒေါ်မြင့်မြင့်လှိုင်၊ ဦးစီးအရာရှိတို့က မန္တလေးတိုင်း ဒေသကြီး၏ ပြည်ပပို့ကုန်ဈေးကွက်အလားအလာရှိသော အမည် များဖြစ်သည့် ထန်း၊ မန်ကျည်းနှင့် ဆီးသီး ပို့ကုန်ဈေးကွက်အလားအလာများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆွေး နွေးပွဲတက်ရောက်လာသူများမှ သိရှိလိုသည်များအား အထွေထွေဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲကို (၁၅:၀၀)နာရီ အချိန် တွင် ရုပ်သိမ်းခဲ့ပါသည်။

 

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

 

Category: Local News