Local News

“ဧရာဝတီမြစ်ရိုးတစ်လျှောက်မှပြောင်းဖူးစေ့သစ်များဝင်နေပြီးမြဝတီနယ်စပ်တင်ပို့မှုရှိ”

Last Updated:

စက်တင်ဘာလတတိယပတ်မန္တလေးကုန်စည်ဒိုင်သို့ မန္တလေးအထက်ပိုင်း ဧရာဝတီမြစ်ရိုးတလျှောက်မှ ပြောင်းဖူးစေ့ အသစ်များဝင်ရောက်နေပြီး တရုတ်ဝယ်လက်၊မြဝတီနယ်စပ် နှင့်တိရစ္ဆာန်အစာတောင့်စက်ရုံများမှ ဝယ်ယူလျှက်ရှိသော ကြောင့်ဈေးမြင့်လာကြောင်း မန္တလေးကုန်စည်ဒိုင်မှသိရသည်။

ရှမ်းပြောင်းဖူးစေ့ ၅၄ပိဿာဝင်သုံးတင်းတစ်အိတ်ဈေးနှုန်းမှာယခုတစ်ပတ်ကျပ် ၅၅၀၀၀ မှ၅၄၀၀၀၊ ယခင်တစ်ပတ် ကျပ် ၅၂၀၀၀ ယခင်လကျပ် ၄၂၅၀၀ဖြစ်သည်။  ယခင်တစ်ပတ်ထက်ကျပ်၂၀၀၀မှ ၃၀၀၀ ယခင်လထက် ကျပ် ၁၁၅၀၀ မှ ၁၂၅၀၀ ထိမြင့်တက်လာသည်။

စီပီပြောင်း ၅၄ ပိဿာဝင် သုံးတင်းတစ်အိတ်ဈေးနှုန်းမှာ ယခုတစ်ပတ်ကျပ် ၅၅၀၀၀မှ ၅၄၀၀၀၊ ယခင်တစ်ပတ်ကျပ် ၅၄၀၀၀ မှ ၅၃၅၀၀ ထိ၊ ယခင်လကျပ် ၄၂၅၀၀ဖြစ်သည်။ယခင်တစ်ပတ်ထက် ကျပ်၅၀၀မှ ၁၀၀၀ ယခင်လထက် ကျပ်၁၁၅၀၀ မှ ၁၂၅၀၀ မြင့်တက်လာသည်။

ဗမာပြောင်းဖူးစေ့ ၅၄ပိဿာဝင်သုံးတင်းတစ်အိတ်ဈေးနှုန်းမှာ ယခုတစ်ပတ်ကျပ် ၅၃၀၀၀၊ယခင်တစ်ပတ် ကျပ် ၅၃၅၀၀မှ ၅၃၀၀၀၊ ယခင်လကျပ် ၄၄၀၀၀ မှ ၄၃၀၀၀ဖြစ်သည်။သုံးတင်းတစ်အိတ်လျှင် ယခင်တစ်ပတ်ထက် ကျပ်၅၀၀ နိမ့်ကျလာ ပြီး၊ ယခင်လထက် ကျပ်၉၀၀၀ မှ ၁၀၀၀၀ ထိ  မြင့်တက်လာသည်။

 ရတနာပုံကုန်သွယ်မှုဗဟိုဌာန                    

Category: Local News