ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းတွင် ကုန်ကြမ်းအနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏ ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်နှင့်ဆန်ကွဲ၊ ဖွဲနုဈေးများ အတက်အကျ ဖြစ် ပေါ်လျက်ရှိပါသည်။
ပဲခူးကုန်စည်ဒိုင်အနေဖြင့် ဆန်မျိုးစုံ အရောင်းအဝယ်ဖြစ်လျက်ရှိရာ (၆.၁၂.၂၀၂၄) ရက်နေ့ တွင် ဧည့်မထဆန် (မနောသုခ)(ဟောင်း) တစ်အိတ် ၉၀၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ် ၇၅၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ် ၁၃၅၀၀ဝကျပ်၊ ဆန်ကွဲ B(1,2) တစ်အိတ် ၅၈၀၀ဝ ကျပ်၊ ဆန်ကွဲ B(2,3,4) တစ်အိတ် ၄၈၀၀ဝကျပ် နှင့် ဖွဲနုတစ်အိတ် ၁၆၈၀ဝကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။ (၁၃.၁၂.၂၀၂၄) ရက်နေ့တွင် ဧည့်မထဆန် (မနောသုခ)(ဟောင်း) တစ်အိတ် ၈၅၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ် ၇၈၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ် ၁၃၅၀၀ဝကျပ်၊ ဆန်ကွဲ B(1,2) တစ်အိတ် ၅၈၀၀ဝ ကျပ်၊ ဆန်ကွဲ B(2,3,4) တစ်အိတ် ၄၈၀၀ဝကျပ် နှင့် ဖွဲနုတစ်အိတ် ၁၇၇၀ဝကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
ယခုတစ်ပတ် ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ် ၃၀၀၀ကျပ်၊ ဖွဲနုတစ်အိတ် ၉၀၀ကျပ် ဈေးတက်၍ ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၅၀၀၀ကျပ် ဈေးကျဆင်းကာ ပေါ်ဆန်မွှေးဆန်နှင့် ဆန်ကွဲစေျးများ တည်ငြိမ် လျက်ရှိပါသည်။ ဧည့်မထဆန်(မနောသုခ)(ဟောင်း)ဈေးကျဆင်းသွားခြင်းမှာ ကုန်ကြမ်း များပြားလျက်ရှိနေပြီး ဝယ် လိုအားနည်းခြင်းကြောင့် ဈေးကျဆင်းသွားခြင်းပြီး ဧည့်မထဆန်(မနောသုခ)(သစ်)၊ ဖွဲနုဈေးများ မြင့်တက်သွားခြင်းမှာ အဝယ်လိုက်လာခြင်းတို့ကြောင့် ဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်ဥက္ကဋ္ဌထံမှ သိရှိရပါ သည်။
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး