ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းတွင် ကုန်ကြမ်းအနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏ ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်နှင့်ဆန်ကွဲ၊ ဖွဲနုဈေးများ အတက်အကျ ဖြစ်ပေါ်လျက်ရှိပါသည်။
ပဲခူးကုန်စည်ဒိုင်အနေဖြင့် ဆန်မျိုးစုံ အရောင်းအဝယ်ဖြစ်လျက်ရှိရာ (၁၀.၁.၂၀၂၅) ရက်နေ့တွင် ဧည့်မထဆန် (မနောသုခ)(ဟောင်း) တစ်အိတ် ၉၀၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ် ၇၀၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ် ၁၃၀၀၀ဝကျပ်၊ ဆန်ကွဲ B(1,2) တစ်အိတ် ၅၈၀၀ဝ ကျပ်၊ ဆန်ကွဲ B(2,3,4) တစ်အိတ် ၅၀၀၀ဝကျပ် နှင့် ဖွဲနုတစ်အိတ် ၁၈၁၂ဝကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။ (၁၇.၁.၂၀၂၅) ရက်နေ့တွင် ဧည့်မထဆန် (မနောသုခ)(ဟောင်း) တစ်အိတ် ၈၅၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ် ၇၀၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ် ၁၃၀၀၀ဝကျပ်၊ ဆန်ကွဲ B(1,2) တစ်အိတ် ၅၀၀၀ဝ ကျပ်၊ ဆန်ကွဲ B(2,3,4) တစ်အိတ် ၄၅၀၀ဝကျပ် နှင့် ဖွဲနုတစ်အိတ် ၁၉၀၂ဝကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
ယခုတစ်ပတ် ကာလတူနှိုင်းယှဉ်ချက်အရ ဖွဲနုတစ်အိတ် ၉၀၀ကျပ်ဈေးတက်၍ ဧည့်မထဆန် (မနောသုခ)(ဟောင်း) ၅၀၀၀ကျပ်၊ ဆန်ကွဲ B(1,2)တစ်အိတ်၈၀၀၀ကျပ်၊ ဆန်ကွဲ B(2,3,4) တစ်အိတ် ၅၀၀၀ကျပ် ဈေးကျဆင်းကာ ဧည့်မထဆန် (မနောသုခ)(သစ်)နှင့် ပေါ်ဆန်မွှေးဆန်ဈေးများ တည်ငြိမ်လျက်ရှိပါသည်။ ဧည့်မထဆန် (မနောသုခ)(ဟောင်း) ၊ ဆန်ကွဲ B(1,2)နှင့် ဆန်ကွဲ B(2,3,4) တို့ဈေးကျဆင်းသွားခြင်းမှာ ကုန်ကြမ်းများပြား လျက်ရှိနေပြီး ဝယ်လိုအားနည်းခြင်းကြောင့် ဈေးကျဆင်းသွားခြင်းဖြစ်ပြီး ဖွဲနုဈေးများ မြင့်တက်သွားခြင်းမှာ အဝယ်လိုက်လာခြင်း တို့ကြောင့် ဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်ဥက္ကဋ္ဌထံမှ သိရှိရပါ သည်။
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး