Local News

ဆန်ကွဲB(1,2)၊ ဖွဲနုဈေးများကျ၍ ၊ ဧည့်မထဆန် (ဟောင်း/သစ်)၊ ဆန်ကွဲB(2,3,4)ဈေးမြင့်တက်ကာ ပေါ်ဆန်းမွှေးဆန်(ဟောင်း/သစ်)ဈေးများတည်ငြိမ်လျက်ရှိ

Last Updated:

ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍတွင် ကုန်ကြမ်းအနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏  ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်နှင့်ဆန်ကွဲ၊ ဖွဲနုဈေးများ အတက်အကျ ဖြစ်ပေါ်လျက်ရှိပါသည်။        

ပဲခူးကုန်စည်ဒိုင်အနေဖြင့် ဆန်မျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာ (၁၄.၂.၂၀၂၅)ရက်နေ့တွင် ဧည့်မထဆန်( မနောသုခ )(ဟောင်း)တစ်အိတ် ၈၀၀၀၀ကျပ်၊ ဧည့်မထဆန်( မနောသုခ )(သစ်) တစ်အိတ် ၇၀၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း) တစ်အိတ် ၁၃၀၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန် (သစ်)တစ်အိတ် ၁၁၀၀၀၀ကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၅၀၀၀ဝ ကျပ်၊ ဆန်ကွဲB(2,3,4)တစ်အိတ် ၄၃၀၀ဝကျပ်နှင့် ဖွဲနုတစ်အိတ် ၂၁၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ (၂၁.၂.၂၀၂၅) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၈၅၀၀၀ကျပ်၊ ဧည့်မထဆန် (မနောသုခ) (သစ်)တစ်အိတ် ၇၅၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း) တစ်အိတ် ၁၃၀၀၀ဝကျပ်၊ ပေါ်ဆန်းမွှေး ဆန်(သစ်)တစ်အိတ် ၁၁၀၀၀၀ကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၄၈၀၀ဝကျပ်၊ ဆန်ကွဲ B(2,3,4)တစ်အိတ် ၄၅၀၀ဝကျပ်နှင့် ဖွဲနုတစ်အိတ် ၂၀၇၀၀ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။

ယခုတစ်ပတ် ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ်၅၀၀၀ ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၅၀၀၀ကျပ်၊ ဆန်ကွဲB(2,3,4)တစ်အိတ် ၂၀၀၀ကျပ် ဈေးတက်၍ ဆန်ကွဲB(1,2)တစ်အိတ် ၂၀၀၀ကျပ် နှင့် ဖွဲနုတစ်အိတ် ၃၀၀ကျပ် ဈေးကျဆင်းကာ ပေါ်ဆန်းမွှေးဆန်ဈေးများ တည်ငြိမ်လျက်ရှိပါသည်။ ဆန်ကွဲB(1,2)နှင့် ဖွဲနုတို့ ဈေးကျသွားခြင်း မှာ ကုန်ကြမ်းများကာ ဝယ်လိုအားနည်းခြင်းကြောင့် ဈေးကျဆင်းသွားခြင်းဖြစ်ပြီး ဧည့်မထဆန် (မနောသုခ)(ဟောင်း)၊ ဧည့်မထဆန် (မနောသုခ)(သစ်)နှင့် ဆန်ကွဲB(2,3,4) ဈေးများမြင့်တက်သွား ခြင်းမှာ အဝယ်လိုက်လာခြင်းတို့ကြောင့်ဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်ဥက္ကဋ္ဌထံမှ သိရှိရပါသည်။

 

 

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

Category: Local News