Local News

ဝယ်လိုအားများလာခြင်းကြောင့် မြေပဲဆန်ဈေးကောင်းရနေ

Last Updated:

မြေပဲဆီစားသုံးမှုများလာခြင်းကြောင့် ကြိတ်ခွဲရန်အတွက် ဆီစက်များမှဝယ်ယူမှုရှိနေသည့် အပြင် သိုလှောင်သည့် ကုန်သည်များမှလည်းဝယ်ယူများပြားခြင်း၊ ပြည်ပမှဝယ်လိုအားရှိခြင်း ကြောင့် ဈေးကွက်အတွင်းသို့ မြေပဲဆန်ဝင်ရောက်မှုများသော်လည်း ဈေးနှုန်းမြင့်တက်လာပြီး အရောင်းအဝယ်သွက်နေကြောင်း၊ မြေပဲဆန်အမျိုးအစား အများအပြားရှိသည့်အနက်မှ အနီဆန်နှင့် S1လုံးဆန်မှာ အရောင်းအဝယ် သွက်ပြီးဈေးကောင်းရနေကြောင်း မန္တလေးကုန်စည်ဒိုင်မှ သိရသည်။

မေလ နောက်ဆုံးပတ်တွင် S1 လုံးဆန် တစ်ပိဿာလျှင် ယခုတစ်ပတ် ၁၀၂၀၀ ကျပ်၊ ယခင်တစ်ပတ် ၁၀၀၀၀ ကျပ်၊ ယခင်လ ၉၅၀၀ ကျပ်ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၂၀၀ ကျပ် ၊ ယခင်လထက် ၇၀၀ ကျပ် ဈေးမြင့်တက်လာသည်။

S1 ဆီဆန် တစ်ပိဿာလျှင် ယခုတစ်ပတ် ၉၈၀၀ ကျပ်၊ ယခင်တစ်ပတ် ၉၇၀၀ ကျပ်၊ ယခင်လ ၈၈၀၀ကျပ်ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၁၀၀ ကျပ်၊ ယခင်လထက် ၁၀၀၀ ကျပ် ဈေးမြင့်တက် လာသည်။

အနီလုံးဆန် တစ်ပိဿာလျှင် ယခုတစ်ပတ် ၉၅၀၀ကျပ်၊ ယခင်တစ်ပတ် ၉၀၀ ကျပ်၊ ယခင်လ ၈၆၀၀ကျပ်ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၅၀၀ကျပ်၊ ယခင်လထက် ၉၀၀ကျပ် ဈေးမြင့်တက်လာ သည်။

အနီဆီဆန် တစ်ပိဿာလျှင် ယခုတစ်ပတ် ၉၂၀၀ကျပ်၊ ယခင်တစ်ပတ် ၉၀၀၀ကျပ်၊ ယခင်လ ၈၄၀၀ကျပ်ဖြစ်သည်။ ယခင်တစ်ပတ်ထက် ၂၀၀ကျပ်၊ ယခင်လထက် ၆၀၀ ကျပ် ဈေးမြင့်တက်လာသည်။

Category: Local News