ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍတွင် ကုန်ကြမ်းအနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏ ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်နှင့်ဆန်ကွဲ၊ ဖွဲနုဈေးများ အတက်အကျ ဖြစ်ပေါ်လျက်ရှိပါသည်။
ပဲခူးကုန်စည်ဒိုင်အနေဖြင့် ဆန်မျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိရာ (၂၈.၂.၂၀၂၅)ရက်နေ့ တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၈၀၀၀၀ကျပ်၊ ဧည့်မထဆန် (မနောသုခ) (သစ်)တစ် အိတ် ၇၀၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း)တစ်အိတ် ၁၃၀၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန် (သစ်) တစ် အိတ် ၁၂၀၀၀၀ကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၅၂၀၀ဝကျပ်၊ ဆန်ကွဲ B(2,3,4)တစ်အိတ် ၄၈၀၀ဝ ကျပ် နှင့် ဖွဲနုတစ်အိတ် ၂၁၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။ (၇.၃.၂၀၂၅)ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၈၀၀၀၀ကျပ်၊ ဧည့်မထဆန် (မနောသုခ)(သစ်)တစ်အိတ် ၇၅၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း) တစ်အိတ် ၁၃၀၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်(သစ်)တစ်အိတ် ၁၂၀၀၀၀ကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၅၃၀၀ဝကျပ်၊ ဆန်ကွဲ B(2,3,4)တစ်အိတ် ၅၁၀၀ဝကျပ်နှင့်ဖွဲနု တစ်အိတ် ၂၁၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။
ယခုတစ်ပတ် ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန် (မနောသုခ) (သစ်)တစ်အိတ် ၅၀၀၀ကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၁၀၀၀ကျပ်၊ ဆန်ကွဲB(2,3,4)တစ်အိတ် ၃၀၀၀ကျပ် နှင့် ဈေးတက်ကာ ဧည့်မထဆန်(မနောသုခ)(ဟောင်း)၊ ပေါ်ဆန်းမွှေးဆန်နှင့် ဖွဲနုဈေးများ တည်ငြိမ်လျက် ရှိပါသည်။ ဧည့်မထဆန် (မနောသုခ) (သစ်)၊ ဆန်ကွဲB(1,2)နှင့် ဆန်ကွဲB(2,3,4)တို့ ဈေးများမြင့်တက် သွားခြင်းမှာ အဝယ်လိုက်လာခြင်းတို့ကြောင့်ဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်ဥက္ကဋ္ဌထံမှ သိရှိရပါသည်။
ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့