Local News

ပြည်တွင်းသုံးကုလားပဲအုပ်စုစျေး‌ကောင်းရ

Last Updated:

မကွေးတိုင်းဒေသကြီးအတွင်းသို့ ပို့ကုန်ပဲများ၊ ပဲမာများနှင့် ပြည်တွင်းသုံးကုလားပဲများ စတင်ပေါ်ထွက်ကတည်းက စျေးကွက်ထဲသို့ နယ်စုံမှဝင်ရောက်လာပြီး ဝင်ရောက်လာသော ပဲမျိုးစုံများလည်း ဝင်သလောက် အရောင်းအဝယ်ဖြစ်လျှက်ရှိရာ စျေးကောင်းရနေတဲ့အတွက် တောင်သူများအဆင်ပြေနေကြောင်း သိရှိရပါသည်။ ပို့ကုန်ပဲများအမြင့်စျေးနှင့် အရောင်း အဝယ်ဖြစ်နေတာနှင့်အညီ ပြည်တွင်းသုံးကုလားပဲများလည်း ‌စျေးကောင်းရနေကြောင်း သိရှိရပါသည်။ ကုလားပဲများအား ပဲခွဲစက်များ၊ အမှုန့်ကြိတ်စက်များ၊ လှောင်လက်များ၏ ဝယ်လိုအားကြောင့် လှိုင်လှိုင်ပေါ်ချိန်မှာပင် စျေးနှုန်းကျဆင်းမသွားဘဲ စျေးကွက်အတွင်း စျေးအကောင်းဆုံးရနေကာ အရောင်းအဝယ် အများဆုံးဖြစ်နေကြောင်း သိရှိရပါသည်။  

ယခင်တစ်ပတ်(၈.၃.၂၀၂၃)ရက်နေ့တွင် ကုလားပဲ(HL)(၁)တင်းလျှင် ကျပ်(၆၇၀၀၀)၊ ကုလားပဲ(မြကြေး)တစ်တင်းလျှင် ကျပ်(၆၇၀၀၀)၊ ကုလားပဲ(V2)တစ်တင်းလျှင် ကျပ်(၆၃၈၀၀) စျေးတို့ဖြစ်ပေါ်ခဲ့ပြီး ယခုတစ်ပတ်(၁၆.၃.၂၀၂၃)ရက်နေ့တွင် ကုလားပဲ(HL)(၁)တင်းလျှင် ကျပ်(၇၃၅၀၀)၊ ကုလားပဲ(မြကြေး)တစ်တင်းလျှင် ကျပ်(၇၃၅၀၀)၊ ကုလားပဲ(V2) တစ်တင်း လျှင်ကျပ်(၆၈၆၀၀)စျေးတို့ဖြင့် ယခင်တစ်ပတ်ထက် စျေးကောင်းရခဲ့ပြီး ယခင်နှစ်နှင့်နှိုင်းယှဉ် ပါက ကုလားပဲ(HL)(၁)တင်းလျှင် ကျပ်(၄၅၀၀၀)၊ ကုလားပဲ(မြကြေး)တစ်တင်းလျှင် ကျပ် (၄၅၀၀၀)၊ ကုလားပဲ(V2)တစ်တင်းလျှင် ကျပ်(၄၁၅၀၀)စျေးသာရရှိခဲ့တဲ့အတွက် ယခုနှစ်တွင် ကုလားပဲတစ်တင်းလျှင် ကျပ်(၂၈၅၀၀)နီးပါး စျေးပိုမိုရရှိခဲ့ကြောင်း သိရှိရပါသည်။

                                                                                                                ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News