Local News

ပဲကြီးအသစ်ပေါ် ချိန်စျေး‌ကောင်းရ

Last Updated:

မကွေးတိုင်းဒေသကြီးအတွင်း ပဲကြီးသီးနှံကို အောင်လံမြို့နယ်နှင့်စလင်းအနီးဝန်းကျင် ကျေးရွာများဖြစ်သည့် ဥသျှစ်ကုန်း၊ ကံတော်၊ ငလိုင်တွင်း၊ ကုရင်းကျောက်၊ ကုက္ကိုတန်းစသည့် ကျေးရွာတို့တွင် အများဆုံးစိုက်ပျိုးကြပြီး ပဲကြီး(သစ်)ပေါ်ချိန်လည်းဖြစ်သလို ပဲကြီးအရောင်း အဝယ်ကောင်းတဲ့အချိန်လည်းဖြစ်ပါသည်။ ပဲကြီးသီးနှံသည် ပြည်တွင်းစားသုံးမှုများသည့် သီးနှံလည်းဖြစ်သည့်အတွက် ထွက်ပေါ်စမှာပင် စျေးကွက်ထဲသို့ ဝင်ရောက်လာသမျှ အရောင်း အဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။  

ယခုနှစ်တွင် ပဲကြီးစိုက်ပျိုးမှုနည်းသလို အထွက်နှုန်းလည်း နည်းတာကိုတွေ့ရပါသည်။ အထွက်နှုန်းနည်းသော်လည်း စျေးကောင်းရရှိနေတဲ့အတွက် တောင်သူများအနေဖြင့် အဆင် ပြေကာအကျိုးဖြစ်ထွန်းလျှက်ရှိပါသည်။ ပဲကြီးစျေးမြင့်တက်ရခြင်းမှာ စိုက်ပျိုးစရိတ်ဖြစ်တဲ့ သွင်းအားစု၊ လုပ်သားခ၊ သယ်ယူပို့ဆောင်ခများ မြင့်တက်နေခြင်း၊ ပြည်တွင်းပဲကြော်ဖို လုပ်ငန်းရှင်များ၊ လှောင်လက်များမှ ဝယ်လိုအားကောင်းနေခြင်းတို့ကြောင့် မြင့်တက်ရခြင်း ဖြစ်ကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

ပဲကြီးစျေးအနေဖြင့် (၇.၂.၂၀၂၃)ရက်နေ့တွင် ကျပ်(၈၀၀၀၀)စျေး၊ (၁၀.၂.၂၀၂၃)ရက် နေ့တွင် ကျပ်(၈၁၀၀၀)စျေး၊ (၁၃.၂.၂၀၂၃)ရက်နေ့တွင် ကျပ်(၈၅၀၀၀)စျေး၊ (၂၁.၂.၂၀၂၃)ရက် နေ့တွင် ကျပ်(၈၂၀၀၀)စျေးတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ယခင်နှစ်တွင် ကျပ်(၆၅၀၀၀) စျေးသာရရှိခဲ့တဲ့အတွက် ယခုနှစ်တစ်တင်းလျှင် ကျပ်(၁၅၀၀၀)မှ(၂၀၀၀၀)စျေးအထိ စျေးပိုမိုရရှိ ခဲ့ကြောင်း သိရှိရပါသည်။

ဖန်ခါး‌မြေကုန်သွယ်မှုဗဟိုဌာန

Category: Local News