Local News

လွယ်ဂျယ်နှင့် ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုအခြေအနေ

Last Updated:

     ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်မှ ၁၇ ရက်နေ့များ အတွင်း တင်ပို့ခဲ့သော ပို့ကုန်၏ငွေပမာဏ စုစုပေါင်းတန်ဖိုးမှာ ၃၄၆၈၅၈၁.၅၅ ကန်ဒေါ်လာ တင်ပို့မှုရှိခဲ့ပြီး၊ သွင်းကုန်၏ စုစုပေါင်းငွေပမာဏတန်ဖိုးမှာ ၆၀၀၁၇၀.၄ ကန်ဒေါ်လာ တင်သွင်းမှုရှိခဲ့ပါသည်။ တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ ဆန်၊ မြေထောက်ပဲ၊ ပဲယင်း၊ နှမ်းနက်၊ ပဲတီစိမ်း၊ ကြံ၊ နိုင်လွန်ပဲ၊ ပြောင်း၊ ရွှေဖရုံသီးနှင့် ဆန်ကွဲများ တင်ပို့ခဲ့ကြောင်း သိရှိရပါသည်။ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့တင်ပို့ကုန်၏ ငွေပမာဏသည် ၂၉၁၆၀၃၇. ၅၅ ကန်ဒေါ်လာဖြစ်ပြီး၊ ကန်ပိုက်တီ နယ်စပ်ကုန်သွယ်‌ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏‌ ငွေပမာဏတန်ဖိုးမှာ ၅၅၂၅၄၄ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။ သွင်းကုန်ပစ္စည်းများမှာ လယ်ထွန်စက်များ၊ ကုန်ထုတ် စက္ကူများ၊ သံနှင့် သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ စက်နှင့်စက်ပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ ဓါတုဗေဒချည်ခင်များ၊ ချည်ထည်များ၊ အခြားစက္ကူ များ၊ သားရေ/သားရေတု ဖြင့် ပြုလုပ်သောပစ္စည်းများ၊ မော်တော်ဆိုင်ကယ်အပိုပစ္စည်းများ၊ သံပိုက်၊ မြက်ခင်းတု၊     ရော်ဘာပိုက်၊ Empty Cargo Container 45’ Feet နှင့် ပလပ်စတစ်ခြင်းတောင်းများ တင်သွင်းမှုရှိခဲ့ပါသည်။ ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏမှာ ကန်ဒေါ်လာ ၃၁၉၁၃၀ တင်သွင်းမှုရှိခဲ့ပြီး၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန် တင်သွင်းကုန်၏ ငွေပမာဏတန်ဖိုးမှာ ကန်ဒေါ်လာ ၂၈၁၀၄၀.၄ တင်သွင်းမှုရှိခဲ့ပါသည်။ မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲနှုန်းမှာ မြန်မာငွေကျပ် ၁၀၀ လျှင် တရုတ်ယွမ် ၀.၃၂၇ ယွမ် ဖြစ်ပြီး၊ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၃၀၅.၈၁ ကျပ်ရှိကြောင်း သိရှိရပါ သည်။


                                                                                                                                                 (ဌေးလှိုင်၊ ဦးစီးအရာရှိ)
                                                                                                                                             မနောမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News