Local News

ပဲကြီးသီးနှံအတက်စျေးဖြင့် အရောင်းအဝယ်ဖြစ်

Last Updated:

မကွေးတိုင်းဒေသကြီးအတွင်းရှိ ကုန်စည်ဒိုင်များတွင် ပဲမျိုးစုံတို့ အရောင်းအဝယ် ဖြစ်လျှက်ရှိရာ သင်္ကြန်ရက်နောက်ပိုင်းတွင် ပဲကြီးစျေးများ တက်လာကြောင်း သိရှိရပါသည်။ တရုတ်ဖက်မှအဝယ်ရှိနေတဲ့အတွက် ပဲကြီးလက်ကျန်နည်းသွားသော်လည်း ပဲကြီးအရောင်း အဝယ်သွက်နေကာ စျေးကောင်းရနေကြောင်းလည်း သိရှိရပါသည်။ တရုတ်မှဝယ်လိုအား ကောင်းသလို ပဲကြော်ဖိုလုပ်ငန်းရှင်များမှလည်း ပြည်တွင်းစားသုံးမှုအတွက် ဝယ်ယူနေခြင်းကြောင့်လည်း စျေးကောင်းနေကြောင်း သိရှိရပါသည်။ ပဲကြီးသီးနှံသည် ပြည်တွင်းစားသုံးမှုများသည့် သီးနှံလည်းဖြစ်ပါသည်။ ယခုအချိန် ပဲကြီးသည် တောင်သူလက်ထဲတွင် အနည်းငယ်သာရှိပြီး လှောင်လက်များ မှထုတ်ရောင်းနေသည့် အချိန်ဖြစ်သည့်အတွက် ပဲကြီးလှောင်သည့် လုပ်ငန်းရှင်များအနေဖြင့် တွက်ခြေကိုက်သည့်နှစ်ဖြစ်သည်ကို သိရှိရပါသည်။ သင်္ကြန်မတိုင်မီတွင် ပဲကြီး(၂၀)ပိသာ တစ်တင်းလျှင် (၈၅၀၀၀)ကျပ်သာ စျေးရရှိခဲ့သော်လည်း သင်္ကြန်ရက်နောက်ပိုင်းတွင် ပဲကြီး (၂၀)ပိသာတစ်တင်းလျှင် (၉၅၀၀၀)ကျပ်အထိ စျေးရရှိနေတဲ့အတွက် ပဲကြီး(၂၀)ပိသာတစ် တင်းလျှင် (၁၀၀၀၀)ကျပ်စျေးတက်ကာ တစ်နေ့လျှင် အိတ်(၁၀၀)မှ(၂၀၀)အတွင်း အရောင်း အဝယ်ဖြစ်နေကြောင်း ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

ဖန်ခါး‌မြေကုန်သွယ်မှုဗဟိုဌာန

Category: Local News