Local News

သင်္ကြန်ရက်နောက်ပိုင်း ကြက်သွန်နီစျေး တစ်ရိပ်ရိပ်တက်

Last Updated:

မကွေးတိုင်းဒေသကြီးအတွင်း ပခုက္ကူ၊ ဆိပ်ဖြူ၊ ရေနံချောင်းနှင့် မင်းဘူးမြို့နယ်တို့တွင် ကြက်သွန်နီကို အများဆုံးစိုက်ပျိုးကြရာ အရည်အသွေးကောင်း ကြက်သွန်နီများ စိုက်ပျိုးထွက်ရှိရာ နေရာလည်းဖြစ်ပါသည်။ ယခုအချိန်သည် ဆောင်းကြက်သွန်နီ(အပင်စိုက်)များ လှိုင်လှိုင်ပေါ်ထွက်နေချိန် စျေးကွက်ထဲသို့ အလုံးအရင်းဝင်ရောက်လာကာ  လှောင်လက်သမားများ ဝယ်လိုအားကောင်းနေတဲ့အတွက် စျေးနှုန်းတစ်ရိပ်ရိပ် တက်နေကြောင်း သိရှိရပါသည်။ ကြက်သွန်နီသည် စားဖိုဆောင်သုံး သီးနှံဖြစ်သည်နှင့်အညီ အိမ်ရှင်မများအတွက် မရှိမဖြစ်လိုအပ်သည့် သီးနှံလည်းဖြစ်ပါသည်။ ဆောင်းကြက်သွန်နီသည် ကြာရှည်အထားခံသည့်အတွက် အိမ်ရှင်မများ အကြိုက်တွေ့စေသည့်အပြင် သိုလှောက်သည့် လုပ်ငန်းရှင်များ အတွက်လည်း အဆင်ပြေစေမည်ဖြစ်ပါသည်။ သင်္ကြန်မတိုင်မီရက်များတွင် ကြက်သွန်နီ(၁)ပိသာလျှင် (၉၀၀/၁၀၀၀)ကျပ် စျေးသာရှိသော်လည်း သင်္ကြန်ရက်နောက်ပိုင်းတွင် ကြက်သွန်နီ(၁)ပိသာလျှင် (၁၅၀၀) ကျပ်စျေးအထိ စျေးကောင်းရကာ (၁)ပိသာလျှင် (၅၀၀)ကျပ်အထိ တစ်ရိပ်ရိပ်တက်လာနေကြောင်းနှင့် တစ်ပတ်အတွင်း အဝင်ပိသာချိန် (၅၂၃၀၀၀)ပိသာအထိ စျေးကွက်ထဲသို့ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

ဖန်ခါး‌မြေကုန်သွယ်မှုဗဟိုဌာန

Category: Local News