Local News

ပခုက္ကူကုန်စည်ဒိုင်၏(၆-၃-၂၀၂၃)ရက်နေ့စျေးနှုန်းသုံးသပ်ချက်

Last Updated:

ပခုက္ကူကုန်စည်ဒိုင် စျေးနှုန်းသုံးသပ်ချက်

ရက်စွဲ၊ ၆.၃.၂၀၂၃

ပဲမျိုးစုံ        

ပဲမျိုးစုံအနေဖြင့် (၃.၃.၂၀၂၃)ရက်နေ့နှင့် နှိုင်းယှဉ်ရာတွင် ပဲစဉ်းငုံ(နီ)(၁)တင်းလျှင် ယခင်နေ့တွင် (၆၉၂ဝဝ)ကျပ်စျေး၊ ယနေ့(၆၈၂ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၁၀၀ဝ)ကျပ်၊ ပဲယင်း(မြစ်ခြေ)(၁) တင်းလျှင် ယခင်နေ့တွင် (၄၉၆ဝဝ)ကျပ်စျေး၊ ယနေ့(၄၉၂ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၄၀ဝ)ကျပ်၊ စွန်တာ(ကျွန်း) (၁)တင်းလျှင် ယခင်နေ့တွင် (၅၂၀ဝဝ)ကျပ်စျေး၊ ယနေ့(၅၁၉ဝဝ)ကျပ် စျေးဖြစ် သည့်အတွက် (၁၀ဝ)ကျပ်တို့စျေးကျကာ ပဲဇီးကွက် (၁)တင်းလျှင် ယခင်နေ့တွင် (၄၇၅ဝဝ) ကျပ်စျေး၊ ယနေ့(၄၇၆ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၁၀ဝ)ကျပ်၊ ကုလားပဲ(929) (၁)တင်းလျှင် ယခင်နေ့တွင် (၆၁၅ဝဝ)ကျပ်စျေး၊ ယနေ့(၆၃၀ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၁၅၀ဝ)ကျပ်၊ ထောဖြူ(ကျွန်း) (၁)တင်းလျှင် ယခင်နေ့တွင် (၇၆၁ဝဝ)ကျပ်စျေး၊ ယနေ့(၇၈၀ဝဝ)ကျပ် စျေးဖြစ် သည့်အတွက် (၁၉၀ဝ)ကျပ်တို့စျေးတက်ပြီး အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။

 

 စီပီပြောင်း        

စီပီပြောင်းစျေးနှုန်းအနေဖြင့် (၃.၃.၂၀၂၃)ရက်နေ့နှင့်နှိုင်းယှဉ်ရာတွင် စီပီပြောင်း (၁)တင်းလျှင် ယခင်နေ့တွင်(၂၀၀ဝဝ)ကျပ်စျေး၊ ယနေ့(၁၉၈ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၂၀ဝ)ကျပ်စျေး ကျကာ အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။

 

Category: Local News