Local News

မန္တလေးကုန်စည်ဒိုင်တွင် ကုလားပဲဈေးအဝယ်သွက်၍ဈေးမြင့်လာ

Last Updated:

မန္တလေးကုန်စည်ဒိုင်တွင်ဧပြီလဒုတိယပတ်အတွင်းသဲတော၊ဝမ်းတွင်း၊ကူမဲ၊စစ်ကိုင်းနှင့်မုံရွာတို့ဘက်မှကုလားပဲအသစ်များဝင်ရောက်လျှက်ရှိပြီး၊အရောင်းအဝယ်သွက်နေကြောင်းသိရသည်။ယခင်လကကုလားပဲဈေးများကျဆင်းလာရာမှဧပြီလဆန်းပိုင်းတွင်သင်္ကြန်တွင်းကုသိုလ်လုပ်မည့်သူများဝယ်ယူမှုနှင့်စက်ပိုင်များ၏ဝယ်လိုအားကြောင့်ဈေးပြန်လည်မြင့်တက်လာခဲ့ကြောင်းသိရသည်။

ကုလားပဲဖြူကြီး(V-2)၅၇.၂၅ပိဿာဝင်တစ်အိတ်လျှင်ယခုတစ်ပတ်တွင်ကျပ်၂၄၇၀၀၀မှ၂၄၈၀၀၀၊ယခင်တစ်ပတ်ကျပ်၂၄၀၀၀၀၊ယခင်လကျပ်၂၄၇၀၀၀မှ၂၅၀၀၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၇၀၀၀မှ၈၀၀၀ထိဈေးမြင့်လာပြီး၊ယခင်လထက်ကျပ်၂၀၀၀ဈေးနိမ့်လာသည်။

ကုလားပဲဖြူကြီး(V-7)၅၇.၂၅ပိဿာဝင်တစ်အိတ်လျှင်ယခုတစ်ပတ်တွင်ကျပ်၂၅၅၀၀၀၊ယခင်တစ်ပတ်တွင်ကျပ်၂၄၈၀၀၀မှ၂၄၉၀၀၀၊ယခင်လတွင်ကျပ်၂၅၀၀၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၆၀၀၀မှ၇၀၀၀ထိဈေးမြင့်လာပြီး၊ယခင်လထက်ကျပ်၅၀၀၀ထိဈေးနိမ့်လာသည်။

ကုလားပဲ(ထိုင်ဝမ်)၅၆.၂၅ပိဿာဝင်တစ်အိတ်လျှင်ယခုတစ်ပတ်တွင်ကျပ်၂၃၀၀၀၀မှ၂၃၅၀၀၀၊ယခင်တစ်ပတ်တွင်ကျပ်၂၂၃၀၀၀မှ၂၂၇၀၀၀၊ယခင်လတွင်ကျပ်၂၄၂၀၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၇၀၀၀မှ၈၀၀၀ထိဈေးမြင့်လာပြီး၊ ယခင်လထက်ကျပ်၇၀၀၀ မှ၁၂၀၀၀ဈေးနိမ့်လာသည်။

ကုလားပဲ(929)၅၆.၂၅ပိဿာဝင်တစ်အိတ်လျှင်ယခုတစ်ပတ်တွင်ကျပ်၂၄၂၀၀၀မှ၂၄၃၀၀၀၊ယခင်တစ်ပတ်တွင်ကျပ်၂၃၀၀၀၀မှ၂၃၅၀၀၀၊ယခင်လတွင်ကျပ်၂၄၅၀၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၈၀၀၀မှ၁၂၀၀၀ထိဈေးမြင့်လာပြီး၊ ယခင်လထက်ကျပ်၂၀၀၀မှ၃၀၀၀ထိဈေးနိမ့်လာသည်။

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး                                          

Category: Local News